DVB Logo
Home
မြန်မာသတင်း
ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်“ကော်”(မြေယာ) နယ်မြေ ၅ ခု ကေအန်ယူ သတ်မှတ်ကြေညာ
DVB
·
April 18, 2022
ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်“ကော်”(မြေယာ) နယ်မြေ ၅ ခု ကေအန်ယူ သတ်မှတ်ကြေညာ
Donate to DVB

ဌာနေကရင်လူမျိုးစုတွေ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ “ကော်” နယ်မြေ ၅ ခုကို တရားဝင်အသိအမှတ်ပြု လက်မှတ်ပေးအပ်ခဲ့တယ်လို့ ကေအန်ယူ၊ ဗဟိုမြေယာကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကော်သေးဒဲအုပ်စု၊ မော်သေးဒဲကျေးရွာ၊ သောသီတောအူးဌာနေတိုင်းရင်းသားဥယျာဉ်မှာ ဧပြီလ ၁၄ ရက်က ကြေညာခဲ့တာပါ။

တောင်ငူခရိုင်အတွင်းက ခိုဘွယ်ဒဲကော်၊ မွီးလိုဃဲဒဲကော၊ ကော်ယော်မူပယ် ၊ ကော်မူလားဟေး ကော်နယ်မြေ ၄ ခုနဲ့ ဖာပွန်(မူတြော်) ခရိုင်အတွင်းက ကော်သေဂူ  ကော်နယ်မြေ ၁ ခု၊ စုစုပေါင်း ၅ ခုကို တရားဝင် ပိုင်ဆိုင်စီမံခန့်ခွဲခွင့် လက်မှတ်တွေပေးအပ်ခဲ့တာပါ။

ဒေသအခေါ် “ကော်” နယ်မြေဒေသကို ဒေသခံ ဌာနေကရင်လူမျိုးစုတွေအနေနဲ့ မိမိတို့ရဲ့ ထုံးတမ်းအစဉ်အလာအရ အတူတကွ အသုံးပြုစီမံခန့်ခွဲထိန်းသိမ်းကြတဲ့ မြေယာဒေသဖြစ်ပြီး ကော် စီမံခန့်ခွဲမှုအလေ့အထတွေကနေ ကရင်လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ ယုံကြည်မှုနဲ့ မိမိတို့ရဲ့ သဘာဝဇီဝမျိုးကွဲကာကွယ်ခြင်း ဓလေ့ထုံးတမ်းတွေကတဆင့် ဆင်းသက်လာတာလို့ ဆိုပါတယ်။

ကရင့်သမိုင်းမှာ ပထမဆုံးအကြိမ် “ကော်” ပိုင်ဆိုင် စီမံခန့်ခွဲခွင့်အသိအမှတ်ပြုလက်မှတ်အပ်နှံတာဖြစ်ပြီး ကရင်ဌာနေလူမျိုးစုတွေရဲ့ ဘိုးစဉ်ဘောင်ဆက် စီမံခန့်ခွဲအသုံးပြုလာခဲ့တဲ့ ဘိုးဘွားမြေပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်  တည်ဆောက်ရေး မျှော်မှန်းချက်ကို ဖြည့်ဆည်း အကောင်အထည်ဖော်လုပ်ဆောင်သွားနိုင်ဖို့ရည်ရွယ်ပြီး လက်မှတ်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

”ကော်”နယ်မြေအတွင်း စိုက်ပျိုးမြေနေရာ၊ ကျေးရွာ၊ ယုံကြည်ကိုးကွယ်မှုအရ တားမြစ်ထိန်းသိမ်းထားတဲ့ နေရာ၊ သစ်တောနဲ့ဇီဝမျိုးကွဲ ထိန်းသိမ်းကာကွယ်တဲ့နေရာတွေပါဝင်ပြီး ယုံကြည်မှုနဲ့ယဉ်ကျေးမှုတွေအရ တားမြစ်ထားတဲ့ ရှောင်ရန်အမှုအမျိုးမျိုးပါဝင်တဲ့ လူမှုအသိုက်အဝန်း စည်းမျဉ်းစည်းကမ်းတွေနဲ့ စီမံခန့်ခွဲတာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားမှာ ကော်နဲ့ပတ်သက်တဲ့ အနာဂတ်အစီအစဉ်တွေကို ဆွေးနွေးချမှတ်နိုင်ခဲ့သလို ကေအန်ယူအနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်အုပ်ချုပ်ရေးပေါ်လာမယ့်အချိန်ကို စောင့်နေမှာမဟုတ်ဘဲ KNU ရဲ့မြေယာမူဝါဒအတိုင်း ချမှတ်ပေးထားတဲ့ “ကော်” နဲ့ သက်ဆိုင်ရာမြေယာစီမံခန့်ခွဲရေးလုပ်ငန်းတွေကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ KNU ဗဟိုမြေယာကော်မတီက ထုတ်ပြန်ခဲ့တယ်။

အဆိုပါ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို တောင်ငူဒေသတွင်းက ကရင်မျိုးနွယ်စုတွေဖြစ်တဲ့ စကော၊ ပိုး၊ ဘွဲ၊ ကရင်နီ(ကယား)၊ မိုဘွာ၊ မော်နေဘွာ၊ ကညောဝါး(ကရင်ဖြူ)၊ ပကူး၊ ကယ်ခယ်၊ တောသူး(ပအိုဝ်း)၊ ကေဘားနဲ့ ပကူးတလယ်ဘွာ အစရှိတဲ့ မျိုးနွယ်စုအသီးသီးက ကိုယ်စားလှယ် ၄၃၈ ဦး တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ကရင်အမျိုးအသားအစည်းအရုံး-KNU၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်မှာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားရယူပြီး အတည်ပြု တည်ထောင်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013