DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေလုပ်သားများကို ဖမ်းဆီး တရားစွဲဆို
DVB
·
March 7, 2014
မိုးထိမိုးမိ ရွှေလုပ်သားများကို ဖမ်းဆီး တရားစွဲဆို
Donate to DVB

ရမည်းသင်းခရိုင် ရွှေမြှင်တင်ဘုရားပေါ်မှာ သပိတ်စခန်းဖွင့်လှစ်ထားတဲ့နေရာကနေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မိုးထိမိုးမိ ရွှေလုပ်သား ၅၀ ကျော်ထဲက ၁၆ ဦးကို တာဝန်ရှိသူတွေက မတ်လ ၅ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရွှေမြှင်တင်ဘုရားပေါ်မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေတဲ့ မိုးထိမိုးမိရွှေလုပ်သား ၅၀ ကျော်ကို မတ်လ ၄ ရက်နေ့မှာ ရဲတပ်ဖွဲ့ ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီအထဲမှာ ကျန်းမာရေးချို့တဲ့သူတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်။

[caption id="attachment_52851" align="alignright" width="300"]ဓာတ်ပုံ - ကိုဝေဠု ဖေ့ဘုတ် ဓာတ်ပုံ - ကိုဝေဠု [/caption]ရွှေလုပ်သား ၁၆ ဦးကို ဥပဒေနှင့် ဆန့်ကျင်တဲ့ လူစုလူဝေးမှာ ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြား ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ မတ်လ ၈ ရက်နေ့မှာ တရားရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လည်လွှတ်မြောက်လာတဲ့ ဒေါ်ဝင်းက “ထောင်ထဲမှာ ကနဦး အဖမ်းခံရတာက ၅ ယောက်။ ၅ ရက်နေ့က ထောင်ထဲသွင်းသွားတာက ယောက်ျား ၁၀ ယောက် မိန်းမ ၆ ယောက် အကုန်လုံးပေါင်း ၂၁ ယောက်။ ဖြစ်တဲ့နေ့က ယောက်ျား ၁၀ ယောက် မိန်းမ ၆ ယောက်ကို အရေးယူထားလိုက်တာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့အထဲက အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၉ ဦးကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက တယောက် ၅ သိန်းစီပေးပြီး မတ်လ ၅ ရက်နေ့က နေရပ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဒေါ်ဝင်းက ပြောပါတယ်။

ဥပဒေ အကျိုးဆောင်ရှေ့နေတွေနဲ့ မိုးထိမိုးမိ ရွှေလုပ်သားအရေးကို ကူညီပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုဝေဠုက “ဒီလုပ်သား မိသားစုတွေဟာ နေစရာ၊ စားစရာ မရှိတော့ဘူး။ သူတို့အခက်အခဲ ကြုံတွေ့နေရတာကို ညီညီမျှမျှ ဖြေရှင်းပေးစေချင်ပါတယ်လို့ တင်ပြတောင်းဆိုနေသူ အကုန်လုံးကို ဖမ်းဆီးပြီး အချုပ်ကားနဲ့တင် ရဲစခန်းအချုပ်တွေ၊ ရဲစခန်းဝန်းကျင်ထက်ဆိုးတဲ့ အကျဉ်းထောင်တွေအထိ ပို့ဆောင်တယ်။ အကာအကွယ်မဲ့နေတဲ့ နိုင်ငံသားတွေဟာ ဒီအစိုးရတရပ်ရဲ့ အကာအကွယ်နဲ့ ဥပဒေရဲ့ အကျိုးခံစားမှုတွေ ရရှိဖို့ ဆင့်ကဲဆင့်ကဲ ဥပဒေကြောင်းအရ တင်ပြတောင်းဆိုမှုတွေ အပေါ်မှာ အစိုးရက နေစရာမရှိရင် ထောင်ထဲပို့မယ်၊ အချုပ်ထဲပို့မယ်၊ အချုပ်ထဲမှာ ထောင်ထဲမှာ ရဲစခန်းပရ၀ဏ်မှာ ထိန်းသိမ်းထားမယ်ဆိုတဲ့ဟာမျိုးဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ နိုင်ငံသားတွေရဲ့ ဖြတ်သန်းမှု ဘ၀ တစိတ်တဒေလို့ပဲ ကျနော်တို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ရမည်းသင်းရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျရဲအုပ်တဦးက ဖမ်းဆီးခံရွှေလုပ်သားတွေ ရဲစခန်းမှာ မရှိတော့ပဲ တရားရုံးထုတ်ပြီး ထောင်ကို ရောက်ရှိသွားပြီလို့ ပြောပါတယ်။

မိုးထိမိုးမိရွှေလုပ်သားတွေကို သပိတ်စခန်းပယ်ဖျက်ပေးဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းခဲ့ဖူးပြီး ရွှေလုပ်သားတွေတောင်းဆိုတဲ့ ရွှေလုပ်ကွက်အသစ် ချပေးရေးကို မလိုက်လျောနိုင်တဲ့အတွက် သပိတ်စခန်းကို ဆက်လက်ဖွင့်ထားတာ ဖြစ်ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးလုပ်ငန်း အသေးစားလေးတွေ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်လုပ်ကိုင်ခွင့် ပေးထားရာကနေ ဆက်လုပ်ခွင့် ပိတ်လိုက်တဲ့အတွက် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လဆန်းပိုင်းကစတင်ပြီး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရွှေလုပ်သားတွေအနေနဲ့ မူလက တောင်းဆိုမှုဖြစ်တဲ့ မူရင်းလုပ်ကွက်တွေမှာ လုပ်ငန်းလုပ်ကိုင်ခွင့်အစား ကုမ္ပဏီပိုင်မြေရဲ့ လွတ်ကင်းတဲ့နေရာမှာ ရွှေလုပ်ကွက်တွေ ရဖို့ ပြင်ဆင်တောင်းဆိုခဲ့ပေမယ့် ခုချိန်ထိ လိုက်လျော့ခြင်း မရှိတဲ့အပြင် ဖမ်းဆီးအရေးယူမှုတွေ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013