DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင် ကလေးများအတွက် စာကြည့်တိုက်များ ဖွင့်ရန်စီစဉ်
DVB
·
March 7, 2014
ကချင်စစ်ရှောင် ကလေးများအတွက် စာကြည့်တိုက်များ ဖွင့်ရန်စီစဉ်
Donate to DVB

ကချင်ပြည်နယ် ၀ိုင်းမော်ဒေသ စစ်ဘေးရှောင် စခန်းက ကလေးတွေအတွက် စာကြည်တိုက်တွေ ဖွင့်ပေးဖို့ Candle Mobile Libiary အဖွဲ့က စီစဉ်နေပါတယ်။

တရုတ်-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ ကလေးတွေအတွက် စာကြည့်တိုက်တွေ ဖွင့်ပေးခဲ့တဲ့ Candle Mobile Libiary အဖွဲ့က ၀ိုင်းမော်ဒေသမှာလည်း စာကြည့်တိုက်တွေထပ်ဖွင့်ဖို့ စီစဉ်နေတာပါ။

Kachin Refugee22 copyCandle Mobile Libiary အဖွဲ့ဟာ မိုင်ဂျာယန်ဒေသက စစ်ဘေးရှောင်စခန်း ၄ ခုမှာ မိခင်နဲ့ ကလေးတွေအတွက် ရည်ရွယ်တဲ့ စာအုပ်ပေါင်း ၆၅၀၀ ကျော်နဲ့ စာကြည့်တိုက်တွေ ဖွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အခု ထပ်ဖွင့်မယ့် စာကြည့်တိုက်တွေကိုတော့ မိုင်းနားစခန်း၊ မြို့မစခန်းနဲ့ အသင်းတော်တခုမှာ လာမယ့် ဧပြီလ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး လုပ်ဆောင်နေတယ်လို့ Candle Mobile Libiary ရဲ့ အဖွဲ့ဝင် မနေခြည်မြတ်နိုးဝင့်က ပြောပါတယ်။

အရင်က ဖွင့်လှစ်ခဲ့တဲ့ စာကြည့်တိုက်တွေအတွက် လိုအပ်တဲ့ စာအုပ်နဲ့ ငွေကြေးတွေကို ခရစ်ယာန် အသင်းတော်တွေ၊ တခြားအသင်းအဖွဲ့တွေနဲ့ စာအုပ်တိုက်တွေက လှူဒါန်းခဲ့ပြီးတော့ တီရှပ်နဲ့ခရစ္စမတ်ကတ်တွေ ပြုလုပ်ရောင်းချပြီးတော့လည်း ရန်ပုံငွေ ရှာဖွေခဲ့ရတယ်လို့ Candle Mobile Libiary အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်ကစပြီး မြန်မာအစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တရုတ်-မြန်မာနယ်စပ်တလျှောက်နဲ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် စခန်းပေါင်း ၃၀ ၀န်းကျင် ရှိပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013