DVB Logo
Home
မြန်မာသတင်း
ပညာရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်
DVB
·
March 7, 2014
ပညာရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်
Donate to DVB

နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကနေ ပညာရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို သဘောတူညီချက် ရရှိခဲ့ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်အောင် ဆက်လက် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို မနေ့က အပြီးသတ် ဆွေးနွေးခဲ့ပြီး ရရှိလာတဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေနဲ့ ဥပဒေကြမ်းကို အစိုးရနဲ့ လွှတ်တော်အဆင့်ဆင့် တင်ပြပြီး အတည်ပြုချက် ရယူသွားမယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။

Education Meeting 06032014တင်ပြမယ့် ပညာရေးဆိုင်ရာမူဝါဒတွေ အတည်ပြုပြီးပါက ၂၀၁၄-၁၅ ဘတ်ဂျက်ကာလမှာ ပညာရေးဆိုင်ရာ အခြေခံကျတဲ့လုပ်ငန်းတွေကို အကောင်းအထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးချက်တွေဟာ အောက်ခြေအဆင့်က ပညာရေးကို စိတ်ပါဝင်စားတဲ့ သူတွေအားလုံ ပါဝင်ထားတဲ့ ဆွေးနွေးတင်ပြချက်တွေ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာဇော်မင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တင်မှု အကောင်အထည်ဖော်လာနိုင်အောင် ၂၀၁၂ ခုနှစ်ကတည်းက ဆွေးနွေးပွဲတွေလုပ်ပြီး အကြံပြုချက်တွေ တောင်းခံလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) က အခု အစိုးရက လုပ်တဲ့ အမျိုးသားအဆင့် ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးချက်တွေဟာ ဗဟိုချုပ်ကိုင်မှုတွေ များနေလို့ ကန့်ကွက်သွားမယ်လို့ လုပ်ငန်းအဖွဲ့ဝင် ဦးရဲဝင်းက ပြောပါတယ်။

အမျိုးသားအဆင့်အနေနဲ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (အမ်အိုင်စီစီ) ခန်းမ ၂ မှာ မတ် ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်တာကျင်းပ ပြုလုပ်ခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဖိတ်ကြားထားတဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ၊ ပုဂ္ဂလိကပညာရေးကျောင်း သင်ကြားနေတဲ့ဆရာ၊ ဆရာမတွေနဲ့ ပါမောက္ခကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013