မန်ယူပရိသတ်ဝေဖန်မှု စည်းကျော်လာဟု စီအီးအို ဘယ်ရာဒါပြော

မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတချို့ဟာ စည်းကျော်လာပြီလို့ အမှုဆောင်အရာရှိချုပ် အိုမာဘယ်ရာဒါက Sky Sports နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
နည်းပြသစ် မော်ရီစီယို ပိုချက်တီနိုရဲ့ ပထမဆုံးပွဲစဉ်အဖြစ် လီဗာပူးနဲ့ ကစားဖို့ ပြင်ဆင်နေချိန်မှာပဲ ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာ ရောက်နေတဲ့အပေါ် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို နားလည်သလို တချို့ဝေဖန်မှုတွေဟာ မျှတပေမဲ့ တချို့ကတော့ အလွန်အကျွံ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အားကစားဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်၊ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ ဂလေဇာ မိသားစုတို့ နုတ်ထွက်ပေးဖို့ ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။
Photo:Reuters











