DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်း မေးခွန်းပုံစံနှင့် အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေ
DVB
·
March 7, 2014
သန်းခေါင်စာရင်း မေးခွန်းပုံစံနှင့် အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေ
Donate to DVB

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ အသုံးပြုမယ့် သန်းခေါင်စာရင်း မေးခွန်းပုံစံတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို နေပြည်တော်ရုံးချုပ်နဲ့ ရန်ကုန်မြို့ကတဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်တွေကို လက်ဝယ်အရောက် ကုန်တင်ယာဉ်ကြီးတွေနဲ့ စနစ်တကျ ထုတ်ပိုးသယ်ဆောင် ဖြန့်ဝေနေပါတယ်။

IMMကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးကို မတ် ၅ ရက်နေ့မှာ သတ်မှတ်ပစ္စည်းတွေ စုံလင်စွာ ရောက်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဖေစ်ဘွတ်အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သန်းခေါင်စာရင်း မေးခွန်းပုံစံတွေ၊ စာရင်းစစ်၊ စာရင်းကောက်တွေအတွက် ထောက်ပံ့ပစ္စည်းတွေ၊ သင်တန်းအထောက်အကူပြု ပစ္စည်းတွေ၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်အတွက် ထောက်ပံ့ပစ္စည်းတွေ၊ လူထု အသိပညာပေး လှုံ့ဆော်ရေး ပိုစတာတွေ စတာတွေကို တနိုင်ငံလုံးရှိ မြို့နယ်အသီးသီးကို မတ် ၁၅ ရက်နေ့အပြီး လက်ဝယ် ရောက်ရှိစေနိုင်ရေး စီစဉ် ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

မတ် ၃၀ ကနေ ဧပြီ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပြီး ဝေးလံဒေသတွေမှာတော့ စတင်ကောက်ယူနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ခံမှုကို ၁၉၇၃ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် ၁ ကြိမ် ကောက်ခံခဲ့ဖူးကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013