
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာမှာ ဧပြီ ၁၆ ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ် ၅ ဦးကို စစ်ဆေးခံဖို့ ရပ်ခိုင်းရာမှ မရပ်ပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးထဲမှာ ပျူစောထီးအဖွဲ့ဝင်တဦးပါနေပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။
ဒေသခံတဦးက “လမ်းမှာ စစ်ဆေးနေတာ ရပ်မပေးလို့တဲ့၊ ဆိုင်ကယ်စီးလာတဲ့သူကလည်း ငါပျူအဖွဲ့ဝင် ငါပိုင်တယ်ဆိုပြီး စီးပြေးတဲ့ သဘောထင်ပါတယ်” လို့ ပြောပါတယ်။
စစ်ဆေးနေသူတွေဟာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။