DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် အကျဉ်သား ၁၂၃ ဦးပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားများမပါ
DVB
·
April 17, 2022
စစ်ကိုင်းတိုင်းတွင် အကျဉ်သား ၁၂၃ ဦးပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားများမပါ
Donate to DVB

နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း အကျဉ်းထောင်အသီးသီးက အကျဉ်သား ၁၂၃ ဦး လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ ထောင်ဝန်ထမ်း ၁ ဦးက ပြောပါတယ်။

“အခုလွှတ်တဲ့ထဲ နိုင်ငံရေးအကျဉ်သားတွေမပါဘူး၊ မူးယစ်အမှုတွေပဲ ပါလာတယ်။” 

မုံရွာ၊ ရွှေဘို၊ ကလေး၊ ကသာ၊ သနန် အကျဉ်းစခန်း(တမူး)၊ မြို့သစ်အကျဉ်းစခန်း(တမူး)၊ ဗန္ဓုလ အကျဉ်းစခန်း(တမူး)၊ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်း (တမူး)၊ စတဲ့ အကျဉ်းထောင် စုစုပေါင်း ၉ ခုမှ အကျဉ်းသားစုစုပေါင်း ၁၂၃ ဦးအား လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာလို့ ကြေညာထားတာပါ။

နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်ပေးတဲ့အထဲမှာ ဒီဗွီဘီက စုံစမ်းမေးမြန်းချက်အရ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ  စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်အထိ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း  ၁၀,၂၃၈ ဦးရှိပြီး ဒီအထဲက  ၉၉၆ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းအရ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013