DVB Logo
Home
မြန်မာသတင်း
ဥပဒေများကို အားလုံးလိုက်နာမှ တရားဥပဒေစိုးမိုးမှု ရှိမည်
DVB
·
March 6, 2014
ဥပဒေများကို အားလုံးလိုက်နာမှ တရားဥပဒေစိုးမိုးမှု ရှိမည်
Donate to DVB

ဒီမိုကရေစီစနစ်စီသွားနိုင်ဖို့ တရားဥပဒေစိုးမိုးရေးက အရေးကြီးတဲ့အကြောင်းနဲ့ လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို အားလုံးက လိုက်နာမှ တရားဥပဒေစိုးမိုးမှု ရှိမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

DSC_4859လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လွှတ်တော်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သူရဦးရွှေမန်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံမှာ ဒီနေ့ မနက် ပြည်တွင်းပြည်ပ သတင်းဌာနတွေက သတင်းသမားတွေ့နဲ့ တွေ့ဆုံရှင်းလင်းရာမှာ ပြောကြားခဲ့တာပါ။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း လိုက်နာခြင်းကို တရားဥပဒေစိုးမိုးရေးလို့ ခေါ်တယ်။ ဒီမိုကရေစီ ဖြစ်ပေါ်ရေးမှာ တရားဥပဒေ စိုးမိုးရေးက အရေးကြီးတယ်။ တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ ထုတ်ပြန်ထားသော ဥပဒေအဆင့်ဆင့်ကို တာဝန်ရှိသူတွေက ကြီးကြပ်ကွပ်ကဲမယ် လိုက်နာသူက အားလုံးလိုက်နာမယ် ဒါမှ တရားဥပဒေစိုးမိုးမှု ဖြစ်လာမယ်။ ”

ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ဥပဒေတွေကို အုပ်ချုပ်ရေးပိုင်းက အကောင် ထည်ဖေါ်ဆောင်မှုအပေါ် အားရကျေနပ်မှုရှိမရှိ ဒီဗွီဘီ သတင်းဌာနရဲ့မေးမြန်းချက်အပေါ် သူရဦးရွှေမန်းက ဖြေကြားသွားတာပါ။

ဒီမိုကရေစီစနစ်ဆီသွားဖို့ မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးလည်း သူရဦးရွှေမန်းက ခုလိုပြောကြား သွားပါတယ်။

“မီဒီယာသည် မရှိမဖြစ် လိုအပ်တယ်။ ဒီမိုကရေစီနိုင်ငံများမှာ ပိုပြီး လိုအပ်တယ်။ ဒါကြောင့်မို့ မီဒီယာတွေက လုပ်စရာရှိတာ ရဲရဲတင်းတင်းလုပ်သွားဖို့ လိုတယ်။ အဲဒီမှာ ကြိုက်ခြင်း မကြိုက်ခြင်းသည် ကြိုက်ခြင်း မကြိုက်ခြင်းဆိုတဲ့ လူရဲ့တာဝန်။ ဒါကြောင့်မို့ ပြောမယ်ဆိုရင် ကိုယ်တို့လို မီဒီယာတွေနဲ့ တွေ့ဆုံပြီးတော့ မေးခွန်းခံမှုများမှာ ပြောမယ်ဆိုရင် ဒီနိုင်ငံမှာ ဘယ်လောက်ရှိမလဲ ပြန်သုံးသပ်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ကတော့ တွေ့ရဲတယ်။ ပြောရဲတယ်။ မတွေ့နိုင် မတွေ့ခြင်းသည် အချိန်ကြောင့်ပါ။ အဲဒီလိုမှ ကိုယ့်မီဒီယာကို တာဝန်မယူရဲဘူး၊ တာဝန်မခံရဲဘူး၊ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ မလုပ်ဘူးဆိုရင် မီဒီယာ မလုပ်နဲ့။”

လွှတ်တော်အကြီးအကဲက အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေးကိစ္စ၊ ဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ၊ ၂၀၁၄ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးလည်း တခြားမီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

လွှတ်တော်အနေနဲ့ သက်တမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ ဥပဒေပေါင်း ၈၀ ကျော် ပြင်ဆင် ပယ်ဖျက် အစားထိုးနိုင်ခဲ့တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013