DVB Logo
Home
မြန်မာသတင်း
NUG အစိုးရ ထောက်ခံချီတက်ပွဲနှင့် ငွေတိုက်စာချုပ်ရောင်းပွဲ အမေရိကန်တွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
April 17, 2022
NUG အစိုးရ ထောက်ခံချီတက်ပွဲနှင့် ငွေတိုက်စာချုပ်ရောင်းပွဲ အမေရိကန်တွင်ကျင်းပ (ဓာတ်ပုံ)
1 / 19
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တိုင်းရင်းသားပေါင်းစုံ ချီတက်ပွဲကို ဧပြီ ၁၆ ရက်က  အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ပြုလုပ်သွားပါတယ်။

Save Myanmar USA မှ ဦးစီးပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ အင်အား ၅၀၀ ကျော် ပါဝင်ချီတက်ခဲ့ကြပြီး သမ္မတ အိမ်ဖြူတော်ကနေ Capitol Hill လွှတ်တော်အဆောက်အဦအထိ ၄ နာရီကျော်ကြာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

NUG လူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ကလည်း ဒီလှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ခဲ့ကြပြီး  အမှာစကားပြောကြားသွားပါတယ်။  

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်  မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့စီစဉ်ကြတဲ့ Bond ငွေတိုက်စာချုပ်ရောင်းချရန်ပုံငွေရှာပွဲနဲ့  စျေးရောင်းပွဲကို ဧပြီ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။ 

NUG ရဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ် မပန်ဆယ်လိုကလည်း လာရောက်  ဝန်းရံအားပေး ကူညီရောင်းချခဲ့ပါတယ်။ 

အတ္တလန်တာနဲ့ အနီးတဝိုက်က မြန်မာပြည်ဖွား တိုင်းရင်းသားမျိုးစုံ လူ ၅၀၀ ကျော်လောက် ငွေတိုက်စာချုပ် ဝယ်ယူအားပေးခဲ့ကြပြီး စုစုပေါင်း ရောင်းရငွေ အမေရိကန်ဒေါ်လာ  ၈၀,၀၀၀ ကျော် စုဆောင်းရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013