DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျတွင် ပထမဆုံးအမျိုးသမီး ကြည်းတပ်ဦးစီးချုပ် ရွေးချယ်
DVB
·
April 13, 2026
Photo: AAP Image/Mick Tsikas/via REUTERS
Photo: AAP Image/Mick Tsikas/via REUTERS
Donate to DVB

ဩစတြေးလျ စစ်ဘက်ခေါင်းဆောင်မှု ပြုပြင်ပြောင်းလဲရေး တစိတ်တဒေသအဖြစ် သမိုင်းမှာ ပထမဆုံးအကြိမ် ကြည်းတပ်ကို အမျိုးသမီးတယောက်က ဦးဆောင်တော့မှာဖြစ်ပါတယ်။

လက်ရှိ ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဆူဆန်ကွိုင်းလ်ဟာ ဇူလိုင်လကျရင် ကြည်းတပ်ဦးစီးချုပ် တာဝန်လွှဲယူမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်တိုနီအဲလ်ဘနိစ်က အတည်ပြုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဆိုင်မွန်စတူးအပ်ရဲ့ နေရာ အစားဝင်ရမှာ ဖြစ်ပါတယ်။  အသက် ၅၅ နှစ်အရွယ် ကွိုင်းလ်ဟာ ၁၉၈၇ ခုနှစ်ကတည်းက စစ်တပ်ထဲ ဝင်ရောက်ခဲ့သူပါ။ 

ကွိုင်းလ်ဟာ ဩစတြေးလျတပ်မတော်ရဲ့ တပ်ကြီးတခုလုံးကို ဦးဆောင်ရတဲ့ ပထမဆုံးအမျိုးသမီးအဖြစ်ပါ သမိုင်းဝင်မှာဖြစ်ပါတယ်။

အခုလို ခန့်အပ်တာဟာ စစ်တပ်မှာ အမျိုးသမီးအရာရှိ အရေအတွက် တိုးလာဖို့ ကြိုးပမ်းနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အမျိုးသမီးအရာရှိတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကနေ အကာအကွယ်မပေးဘူးဆိုပြီး စစ်တပ်ကို တရားစွဲဆိုတာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ ဩစတြေးလျစစ်တပ်ရဲ့ ၂၁ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ၂၅ ရာခိုင်နှုန်းအထိရောက်ဖို့ ရည်မှန်းထားပါတယ်။

ဩစတြေးလျ စစ်တပ်အကြီးအကဲဖြစ်တဲ့ တပ်မတော်စစ်ဦးစီးချုပ် နေရာမှာလည်း ရေတပ်ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂျွန်စတန်ရဲ့နေရာမှာ  လက်ရှိ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မာ့ခ်ဟမ်မွန်ကို ခန့်အပ်လိုက်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013