DVB Logo
Home
မြန်မာသတင်း
ကရင်နီရိုးရာ တံခွန်တိုင်ပွဲတော် ဩစတြေးလျနိုင်ငံတွင် ကျင်းပ
DVB
·
April 16, 2022
ကရင်နီရိုးရာ တံခွန်တိုင်ပွဲတော် ဩစတြေးလျနိုင်ငံတွင် ကျင်းပ
1 / 5
Donate to DVB

ကယား(ကရင်နီ) ရိုးရာ တံခွန်တိုင်ပွဲတော်ကို ဩစတြေးလျနိုင်ငံ မယ်ဘုန်းမြို့အနီးက ဂျီလောင်းမြို့မှာ ဒီနေ့ကျင်းပပါတယ်။ 

တံခွန်တိုင်ပွဲတော်ဟာ ကယားပြည်နယ် (ကရင်နီပြည်နယ်) ထဲမှာ အဓိက နေထိုင်ကြတဲ့ ကယားအမျိုးသားတွေ ဘိုးစဉ်ဘောင်ဆက်ထိန်းသိမ်းလာတဲ့ ရိုးရာယုံကြည်မှု ပွဲတော်တခုဖြစ်ပါတယ်။ 

စိုက်ပျိုးရာသီအစမှာ  ကောက်ပဲသီးနှံတွေ  အောင်မြင်ဖြစ်ထွန်းဖို့ ရိုးရာ ရေသခင် မြေသခင်ကို ပူဇော်တဲ့ ဓလေ့တခုဖြစ်တယ်လို့ အခမ်းအနားကို နှစ်စဉ်ကျင်းပလာတဲ့  စတီးနိုမိုးဒူက ပြောပါတယ်။

ဒီနှစ်မှာတော့ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲကြောင့် အိုးအိမ်တွေ  ဘုရားကျောင်းပျက်စီးပြီး သီးနှံစိုက်ပျိုးနိုင်ခြင်းမရှိတဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက်လည်း ဆုတောင်းပေးခဲ့တယ်လို့ ရိုးရာအခမ်းအနား ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။ 

ဂျီလောင်းမြို့မှာ ကယားအမျိုးသားတွေ တံခွန်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းလာတာ ဒီနှစ် ၁၂ ကြိမ်မြောက်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013