DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သင်္ကြန်ပါတီလုပ်နေသည့် Zeus Bar ဗုံးပစ် သတိပေးခံရ
DVB
·
April 15, 2022
မန္တလေးတွင် သင်္ကြန်ပါတီလုပ်နေသည့် Zeus Bar ဗုံးပစ် သတိပေးခံရ
Donate to DVB

မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်၊ ၅၅ လမ်းနဲ့ ၃၂ လမ်းထောင့်ရှိ သင်္ကြန်ပါတီပွဲ ကျင်းပတဲ့ Zeus Bar ကို Rangers of Mandalay အဖွဲ့က ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းက သတိပေးတဲ့အနေနဲ့ ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“Bar တွေကို ဘာလို့တိုက်ခိုက်ရတာလဲဆိုတော့ စစ်ကောင်စီကို တရက်တရက် အခွန် သိန်း ရာချီပေးနေလို့ပါ။ ရေပေါ်ဆီတွေကလည်း သွားကြတယ်။ ဒါကြောင့်သတိပေးတာပါ” လို့ Ranger of Mandalay အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် Zeus Bar ဝန်းအတွင်း ရပ်ထားတဲ့ ကားတွေ ထိခိုက်မှုရှိနိုင်ပြီး လူထိခိုက်မှုရှိ၊ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီကို ကျည်ဆန်ဖိုးပေးနေတဲ့ Bar တွေကို သတိပေးတိုက်ခိုက် သွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013