DVB Logo
Home
Lead Story
လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ပြုလုပ်
DVB
·
March 6, 2014
လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ပြုလုပ်
1 / 3
Donate to DVB

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (အမ်အိုင်စီစီ) ခန်းမ ၂ မှာ မတ် ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်တာကျင်းပ ပြုလုပ်တဲ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်ခဲ့ပါတယ်။

အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒုတိယနေ့မှာ မူကြိုပညာရေး၊ အခြေခံပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနဲ့ သက်မွေးပညာ ကဏ္ဍ၊ ကျောင်းပြင်ပ ပညာရေးနဲ့ ရပ်ရွာဒေသပညာရေး ဖွံ့ဖြိုးမှုကဏ္ဍ၊ ပုဂ္ဂလိကပညာရေးနဲ့ အမျိုးသားပညာရေးဥပဒေ ကဏ္ဍတွေအလိုက် ဆွေးနွေးရရှိချက်များကို သက်ဆိုင်ရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြည့်စွက်တင်ပြခြင်း အစီအစဉ်နဲ့ ပညာရေးဝန်ကြီးဌာနမှာ သုံးသပ်ဆွေးနွေးချင်းများ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ကဏ္ဍအလိုက် တင်ပြဆွေးနွေးချက်များနဲ့ အမျိုးသားပညာရေး(မူကြမ်း)ကို လွှတ်တော်ကို ဆက်လက်တင်ပြသွားမည်ဟု သုံးသပ် ဆွေနွေးခဲ့ပါတယ်။
ဓာတ်ပုံ - မျိုးဇော်လင်း
[gallery ids="52782,52783,52784"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013