DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် ကျေးရွာအချို့ စားနပ်ရိက္ခာပြတ်လပ်မယ့်အရေးနှင့် ရင်ဆိုင်နေရ
DVB
·
March 6, 2014
ချင်းပြည်နယ် ကျေးရွာအချို့ စားနပ်ရိက္ခာပြတ်လပ်မယ့်အရေးနှင့် ရင်ဆိုင်နေရ
Donate to DVB

ချင်းပြည်နယ်အတွင်းက ကျေးရွာတချို့မှာ စားနပ်ရိက္ခာတွေ ပြတ်လပ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။

Chinချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ မင်းတပ်နဲ့ မတူပီမြို့နယ်ထဲက ကျေးရွာတွေမှာ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့နှစ်က ရာသီဥတု မမှန်ခဲ့တဲ့အတွက် သီးနှံအထွက်နှုန်းတွေ လျော့သွားခဲ့ တာကြောင့် ၁ နှစ်စာ လုံလောက်အောင် မရရှိကြောင်း ဖလမ်းမြို့နယ် ထန်ညှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒါလ်အုပ်က ပြောပါတယ်။

အထူးသဖြင့် မတူပီမြို့နယ်ထဲက လိုင်လင်းပြည်၊ လိုင်လင်းသေနဲ့ မာလာတွေမှာ စားနပ်ရိက္ခာ ရှားပါးမှု အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကရုဏာမြန်မာ လူမှုဝန်ဆောင်မှုအဖွဲ့ရဲ့ ချင်းပြည်နယ်တောင်ပိုင်း စီမံကိန်းညှိနှိုင်းရေးမှူး သြဂတ်စတင်း ဘီလျန်ကတော့ ကျေးရွာတချို့မှာ အခု မတ်လကုန်ရင် စားနပ်ရိက္ခာ ပြတ်လပ်တော့မှာ ဖြစ်တဲ့အတွက် စတင် ထောက်ပံ့ပေးနေပြီး ငွေကျပ်သိန်း ၁၅၀၀ ကျော်နဲ့ ဆန်၊ ဆီ၊ ပဲနဲ့ ဆား တန်ချိန် ၆၀၀ ကျော် ထောက်ပံ့သွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။

ဒေသခံတွေကို ကျေးရွာတွေမှာ လမ်းတွေနဲ့ လှကားထစ်စိုက်ခင်းစတာတွေကို အကောင် အထည် ဖော်စေပြီး လုပ်အားနဲ့ ငွေကြေး၊ ရိက္ခာ လဲလှယ်တဲ့ပုံစံနဲ့ ထောက်ပံ့သွားမယ်လို့ သြဂတ်စတင်းဘီလျန်က ရှင်းပြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကလည်း ဖလမ်း၊ ဟားခါး၊ မင်းတပ်နဲ့ မတူပီမြို့နယ်တွေက ကျေးရွာ ၅၀ လောက်ကို ငွေကြေးနဲ့ ရိက္ခာထောက်ပံ့ဖို့ အစီအစဉ်ရှိနေတယ်လို့ ဒေသခံ အကူအညီပေးရေးအဖွဲ့တွေရဲ့ပြောပြချက်အရ သိရပါတယ်။

ချင်းပြည်နယ်က တိုင်းရင်းသားတွေဟာ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုနဲ့ နှစ်စဉ်နှစ်တိုင်းလိုလို ရင်ဆိုင်နေရတာ ဖြစ်ပြီး ယခင်ကလည်း သီးနှံတွေကို ကြွက်တွေရဲ့ဖျက်ဆီးမှုကြောင့် အစာရေစာ ရှားပါးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ကြရဖူးပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013