DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ဝေးလံဒေသများတွင် သန်းခေါင်စာရင်း စတင်ကောက်ခံ
DVB
·
March 5, 2014
ကချင်ပြည်နယ် ဝေးလံဒေသများတွင် သန်းခေါင်စာရင်း စတင်ကောက်ခံ
Donate to DVB

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ကချင်ပြည်နယ် တောင်ပေါ်ဒေသနဲ့ ဝေးလံတဲ့ တိုင်းရင်းသားဒေသတွေမှာ အစိုးရက သန်းခေါင်စာရင်း ကြိုတင် ကောက်ယူနေပါတယ်။

ကချင်ပြည်နယ်က တောင်ပေါ်ဒေသနဲ့ ဝေးလံတဲ့နေရာတွေဖြစ်တဲ့ ပူတာအို၊ မချမ်းဘော၊ ဆွန်ဘရာဘွမ်၊ နောင်မွန်းဒေသတွေမှာ မတ် (၂) ရက်နေ့ကစပြီး လူဝင်မူကြီးကြပ်ရေးဌာနကနေ သန်းခေါင်စာရင်း စတင်ကောက်ခံနေတာပါ။

cenဒီဒေသတွေဟာ သွားလာမူ ခက်ခဲတဲ့အတွက် သန်းခေါင်စာရင်း စတင် ကောက်ခံတာလို့ ကချင် ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဗိုလ်မြင့်က ပြောပါတယ်။

သန်းခေါင်စာရင်းမှာ ဖြည့်စွက်ရမယ့် တိုင်းရင်းသားလူမျိုးအမည် ကုတ်သင်္ကေတ သတ်မှတ်ချက်တွေကြောင့်လည်း ကချင်လူမျိုးစုတွေအကြားမှာ အငြင်းပွားမှုတွေ ရှိနေပါတယ်။

ဒီအတွက် ကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၂၀ ကျော်က လူမျိုးစုအလိုက် သတ်မှတ်ထားတဲ့ ကုတ် (code) နံပါတ်တွေ ဖြုတ်ပေးဖို့အတွက် ပြီးခဲ့တဲ့လကတည်းက ကြေညာချက် ထုတ်ပြန်ပြီးတော့ အစိုးရကို တောင်းဆိုထားပါတယ်။

ခုလို သန်းခေါင်စာရင်း စတင်ကောက်ခံနေပေမယ့် ကချင်ပြည်နယ်ထဲမှာ စစ်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမူကြောင့် လူဦးရေစာရင်း အမှန်မရနိုင်ဘဲ ဒီလုပ်ငန်း ရာနှုန်းပြည့် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့လည်း ထောက်ပြဝေဖန်မှုတွေ ရှိနေတာပါ။

ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး မခေါန်ဂျာကတော့ အစိုးရစစ်ကြောင်းတွေကြောင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းတွေ အခက်အခဲရှိနိုင်ပြီး ကချင်စစ်ပြေးဒုက္ခ သည်စခန်း တွေမှာလည်း သန်းခေါင်စာရင်းကောက်ယူဖို့ မလွယ်ကူဘူးလို့ ပြောပါတယ်။

မြန်မာအစိုးရက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမူကို လာမယ့် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီ လ ၁၀ ရက်နေ့အထိ တပြည်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၈၃ ခုနှစ် မတ်လက မဆလ အစိုးရလက်ထက်မှာ နောက်ဆုံးကောက်ခံခဲ့ ပါတယ်။

အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013