DVB Logo
Home
Lead Story
စာနယ်ဇင်းသမားများအတွက် လွတ်လပ်သည့် တခုတည်းသော စာနယ်ဇင်းကောင်စီ ဖြစ်ပြီ
DVB
·
March 5, 2014
စာနယ်ဇင်းသမားများအတွက် လွတ်လပ်သည့် တခုတည်းသော စာနယ်ဇင်းကောင်စီ ဖြစ်ပြီ
Donate to DVB

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ သတင်းမီဒီယာဥပဒေမှာ စာနယ်ဇင်းကောင်စီရဲ့ လိုလားချက် ရာခိုင်နှုန်းအများစု ပါဝင်တယ်လို့ ကောင်စီဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

အခု လွှတ်တော်ကအတည်ပြုလိုက်တဲ့ သတင်းမီဒီယာဥပဒေအရ စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားများအတွက် လွတ်လပ်တဲ့ တခုထဲသော ကောင်စီဖြစ်ပြီလို့လည်း ဆိုပါတယ်။

[caption id="attachment_29984" align="alignright" width="153"]ဦးဇော်သက်ထွေး ဦးဇော်သက်ထွေး[/caption]စာနယ်ဇင်းကောင်စီအနေနဲ့ စာနယ်ဇင်းကျင့်ဝတ်မြှင့်တင်ရေး ဒူးတိုက်ဆွေးနွေးပွဲတွေကို ရန်ကုန်အပါအ၀င် မြို့ကြီး ၉ မြို့မှာ ပြုလုပ်နေပြီလို့လည်း သိရပါတယ်။

မတ်လ ၄ ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေနဲ့ သတင်းမီဒီယာဥပဒေတို့နဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော်ကအတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲခဲ့တာဖြစ်ပြီး သတင်းမီဒီယာဥပဒေကိုတော့ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲတင်ပြခဲ့တာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013