DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ဖမ်းဆီးထားသည့်လူငယ်အချို့ကို စစ်တပ်က ငွေ ၃၀,၀၀၀ တောင်းပြီး ပြန်လွှတ်
DVB
·
April 11, 2022
ပခုက္ကူတွင် ဖမ်းဆီးထားသည့်လူငယ်အချို့ကို စစ်တပ်က ငွေ ၃၀,၀၀၀ တောင်းပြီး ပြန်လွှတ်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧပြီ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်က လူငယ် ၁၀ ယောက်ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီး ဖုန်းတွေထဲမှာ နိုင်ငံရေးပို့စ်မပါတဲ့ လူငယ်တွေကို ပိုက်ဆံ ၃၀,၀၀၀ ကျပ်တောင်းပြီး ပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဖုန်းထဲမှာ နိုင်ငံရေး ပို့စ်ပါရင် ဆက်ဖမ်းထားတယ်။ ဖုန်းထဲမှာ နိုင်ငံရေးပို့စ်မပါရင်တော့ ပိုက်ဆံ​တောင်းပြီး ပြန်လွှတ်ပေးတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဧပြီ ၉ ရက်ကစပြီး စစ်ကောင်စီတပ်တွေက ဆိုင်ကယ် ၁ စီးကို ယောက်ျားလေး နှစ်ယောက် စီးလာပါက ပစ်ခတ်ဖမ်းဆီးနေတာဖြစ်ပြီး ဧပြီ ၁၀ ရက်ကလည်း ၁၀ ယောက်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံနောက်တဦးက “မြို့ထဲမှာ လုယက်မှုတွေပေါနေပြီး လုံခြုံစိတ်ချရမှုမရှိတဲ့အချိန်မှာ တယောက်တည်း ဆိုင်ကယ်စီးဖို့က အဆင်မပြေဘူး၊ ဆိုင်ကယ်ကို နှစ်ယောက်စီးလို့ဆိုတာ ထပ်ပြီး လူငယ်တွေဆိုရင်ကို ပြဿနာရှာချင်ကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပခုက္ကူမြို့ပေါ်က ပခုက္ကူတက္ကသိုလ်နား ရေစကြိုတိုင် ပခုက္ကူအဝင် မြို့ရှောင်လမ်းဆုံ၊ မြိုင်လမ်းနဲ့ ပေါက်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းပေါ်နဲ့ မြိုင်လမ်းပေါ်မှာ အဓိကထား ဖမ်းဆီးနေတာလို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့ရှောင်လမ်းပေါ်မှာ မကြာခဏ ဓားထောက်လုယက်တာတွေအပြင် ဆိုင်ကယ်ခိုးတာ၊ မီးကြိုးဖြတ်ခိုးတာတွေအပြင် မြို့လယ်ခေါင်မှာလည်း လုယက်တာမျိုးရှိခဲ့ပြီး ​​ဒေသကာကွယ်ရေးတပ်တွေကတော့ သတိပေးစာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013