DVB Logo
Home
Lead Story
သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရတဲ့ မလေးရှား
DVB
·
March 5, 2014
သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရတဲ့ မလေးရှား
Donate to DVB

မလေးရှားနိုင်ငံရဲ့ မြို့တော်အနီးက မြို့ငယ်လေးတမြို့မှာ သောက်သုံးရေ မရတာ ရက်အတော်ကြာနေပါပြီ။ ရေသန့်စင်ရေးစက်ရုံမှာ အမိုးနီးယား ညစ်ညမ်းမှု ဖြစ်တာကြောင့် ဒေသခံတွေအတွက် ရေပြတ်လပ်မှု ကြုံနေရတာပါ။

ရေရရှိရေးအတွက် အရေးပေါ်ဆောင်ရွက်ရေး စီမံကိန်းတခုကို ရေကုမ္ပဏီက ဆောင်ရွက်နေပေမယ့်လည်း မလုံလောက်သေးပါဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်အတွင်း မိုးရွာသွန်းမှု နည်းပါးတာနဲ့ အပူချိန်မြင့်မားမှုတွေကြောင့် ဒီအခြေအနေကို မဖြေရှင်းနိုင်သေးဘူး ဖြစ်နေတာပါ။

water wove in Malaysiaဘီလာကွန် ဒေသခံတွေအနေနဲ့ ဘုံဘိုင်ရေကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က သုံးခဲ့ရပါသေးတယ်။
ဒေသခံ အီရှက် ဆမ်ဆူဒင်က “ကျနော်တို့ ဒေါသထွက်တယ်။ ရေက အရေးကြီးတယ်ဗျ။ ခုလို ရေပြတ်နေတော့ ခက်ခဲတာပေါ့” လို့ ပြောပါတယ်။

ရေတစ်စက် ဆိုတဲ့ ပမာဏကလည်း အဖိုးတန်လွန်းပါတယ်။ လူအများစုကတော့ အစိုးရကနေ စီစဉ်ပေးပို့တဲ့ ရေစည်ကားတွေကို အားထားသုံးစွဲနေကြရပါတယ်။ တချို့လူတွေကတော့ အနီးအနားက မြစ်ဆီ လမ်းလျှောက်သွားကြ ဒါမှမဟုတ် ရေလာနေသေးတဲ့ ရေဘုံပိုင်ခေါင်းတွေဆီ သွားပြီး ရေသယ်ယူသုံးစွဲကြပါတယ်။

သူ့ကလေးငယ်လေးနဲ့ ရေလာယူတဲ့ ဆာဘရီနာ မတက် စတာဖှော်က “ကျမ ကလေးကိုလည်း ခေါ်လာခဲ့တယ်။ သူလည်း ရေချိုးလို့ရတာပေါ့။ အိမ်မှာ ရေလုံးဝ မရှိဘူးရှင့်။ ခုဆို ၂ ပတ်တောင် ရှိသွားပြီ။ ရေချိုးဖို့၊ စားသောက်ဖို့၊ ချက်ပြုတ်ဖို့ အကုန်ခက်ကုန်တာပဲ” လို့ ဆိုပါတယ်။

ရေစည်ကားတွေက ရေလာပေးပေမယ့် မလုံလောက်ဘူးလို့ ပြောပါတယ်။ သူတို့ဟာ အစိုးရက ဒီ့ထက် ပိုပြီးလုပ်ပေးဖို့ မျှော်လင့်တောင်းဆိုနေတာပါ။ ရေသယ်ကားတွေဟာ အာဏာရညွန့်ပေါင်းအစိုးရကို ထောက်ခံသူတွေ နေထိုင်ရာ နယ်မြေတွေဆီကို လမ်းကြောင်းပြောင်းပြီး မောင်းပို့ပေးနေတယ်ဆိုတဲ့ တိုင်ကြားစာတွေ အတိုက်အခံ ၀န်ကြီးချုပ်ဆီ တင်ပြထားတာလည်း ရှိနေပါတယ်။

အတိုက်အခံ နိုင်ငံရေးသမား ငါထျန်းချီက “ဒေသခံအတော်များများကတော့ ဒါ မတရားဘူးလို့ ခံစားရတာပေါ့။ တာဝန်ယူလုပ်ဆောင်တဲ့ ဌာနတွေကလည်း ရေကားတွေကို သူတို့နယ်မြေတွေဆီ ဒါမှမဟုတ် သူတို့လူတွေဆီကို အရင်ဆုံး သွားဖို့ ညွှန်ကြားကြတယ်ဗျာ။ သူတို့ကို ထောက်ခံတဲ့ဘက် မဟုတ်တဲ့ သာမန်ပြည်သူတွေ နေရာတွေကို အရင်မပို့ပေးဘူးဗျ”လို့ ဆိုပါတယ်။

ရေဆိုင်ရာ လုပ်ပိုင်ခွင့် ရထားတဲ့ ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးနဲ့ တယ်လီဖုန်း အင်တာဗျူး မှာတော့ သူတို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူတို့ပြောစကားအရ မြစ်ထဲက ရေတွေဟာ ညစ်ညမ်းမှုတွေကြောင့် စက်ရုံက မလည်ပတ်နိုင်ဘူးလို့ ဆိုပါတယ်။ နောက် သူတို့တွေဟာ ရေပြတ်လပ်နေမှုဒဏ် ခံနေကြရတဲ့ နယ်မြေတွေဆီ ရေပို့ပေးနိုင်ဖို့ နာရီမလပ် အလုပ်လုပ်နေရတယ်လို့လည်း ပြောပါတယ်။

ကော်ပိုရေးရှင်းရေးရာ အမှုဆောင်ဒါရိုက်တာ အဗ္ဗဒူလ် ဟာလမ် မတ်ဆွန်မ် ဆယာဘာစ်က “ဒီစက်ရုံ ပိတ်ထားရလို့ သက်ရောက်မှုရှိတဲ့ နယ်မြေက တော်တော်ကို ကြီးပါတယ်။ အိမ်ပေါင်း ၁ သိန်းကျော်လောက်တောင် ရှိပါတယ်။ အဲဒါက ဘီလာကွန်နယ်မြေ တခုတည်း မဟုတ်ပါဘူး။ အဲဒါကြောင့် အတိအကျပြောရရင် ကျနော်တို့မှာ အလုံအလောက် မရှိပါဘူး။ နောက်ပြီးတော့ ကျနော်တို့မှာ အခက်အခဲတွေက ရေပြတ်နေတဲ့ နေရာအားလုံးဟာ ကျနော်တို့ ပို့တဲ့ ရေကားတွေကနေ ရေတွေ ရကြသလား ဆိုတာကိုလည်း သေချာအတည်ပြုဖို့က ခက်နေတာပါ။ အဓိကကတော့ ဘာလို့လဲဆိုရင် ကျနော်တို့မှာ ရေစည်ကားတွေက အကန့်အသတ်နဲ့ပဲ ရှိတာဆိုတော့ ကျနော်တို့က ဘီလာကွန်နယ်မြေကို ရေစည်ကားတွေကို အားလုံး မထားပေးနိုင်တာပါ” လို့ ပြောပါတယ်။

တခြားပြည်နယ်တွေက ဆည်တွေနဲ့ ရေစက်ရုံတွေမှာလည်း ရေပြတ်လပ်မှု ဆက်ဖြစ်နေ တာကြောင့် ရေအတွက် တောင်းဆိုမှုတွေကို ဆက်လက်လုပ်ပေးနိုင်မှာ မဟုတ်သေးပါဘူး။

ပြည်နယ်အတော်များများကတော့ မိုးတိမ်အတုတွေ ဖန်တီးပြီး မိုးအတု ရွာချဖို့ စတင် စီစဉ်နေပါတယ်။ တချို့နယ်မြေတွေမှာ စားနပ်ရိက္ခာ ဝေငှပေးတာတွေလည်း စတင်လုပ်ဆောင်နေကြပါပြီ။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဖိုင်ဇယ်လ်မိုတာက မလေးရှားနိုင်ငံ ကီနီကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013