DVB Logo
Home
Lead Story
အော်ရီဒူးက ဖုန်းဆင်းကတ်များ လျှောက်လွှာစနစ်ဖြင့် ကြိုတင်ရောင်းချ
DVB
·
March 5, 2014
အော်ရီဒူးက ဖုန်းဆင်းကတ်များ လျှောက်လွှာစနစ်ဖြင့် ကြိုတင်ရောင်းချ
Donate to DVB

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ခွင့်ရထားတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို လျောက်လွှာစနစ်နဲ့ ကြိုတင်ရောင်းချပေးနေပါတယ်။

အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီက ဆင်းကတ်တွေ ၀ယ်ယူခွင့် ကြိုတင်လျှောက်လွှာတွေကို ရန်ကုန်နဲ့နယ်မြို့တွေရှိ ဖုန်းဟန်းဆက်ဆိုင်ကြီးတွေမှာ စတင် ဖြန့်ချိလိုက်ပြီး မြန်မာမိုဘိုင်ဖုန်း ဈေးကွက်ပိုင်ဆိုင်မှုရရှိဖို့ ခြေလှမ်းစတင်လိုက်တာပါ။

[caption id="attachment_52712" align="alignright" width="300"]ooredoo သတင်းစာ ရှင်းလင်းပွဲ ooredoo သတင်းစာ ရှင်းလင်းပွဲ [/caption]အခုလို ဆင်းကတ်တွေ ၀ယ်ယူခွင့် ကြိုတင်လျှောက်လွှာတင်ခိုင်းရတာနဲ့ပတ်သက်ပြီး အော်ဒီဒူးမြန်မာရဲ့ လူမှုဆက်ဆံရေး တာဝန်ခံ ဒေါ်သီရိက ဒီဗွီဘီကို အခုလို ပြောပါတယ်။
“လိုင်စင်ရပြီးရင် ၆ လလို့ ပြောထားတယ်။ ဒါပေမယ့် အခုလောလောဆယ် သြဂုတ်လဆန်းပိုင်းလောက်ဖြစ်နိုင်တယ်။ ဒီထက်စောရင်လည်း စောနိုင်တယ်။ အစ်မတို့ အောက်မှာ ဖြန့်ချိရေး ကုမ္ပဏီ အကြီးကြီး ၅ ခုရွေးထားတယ်။ အဲဒီ ၅ ခုအောက်ကနေမှ အဆင့်ဆင့်ရောင်းဝယ်မယ့် ကုန်သည်တွေ ရှိမယ်။ အစ်မတို့ ဖြန့်ချိရေးအရ မဟာဗျူဟာနည်းနဲ့ သွားထားတဲ့ဥစ္စာပါ။ ကုန်ပစ္စည်းတွေရော? ဆင်းကတ်တွေရော အစ်မတို့ ၀န်ဆောင်မှုတွေ အကုန်လုံး လူထုဆီ မိတ်ဆက်တဲ့အခါမှာ အကုန်လုံး အံ့သြ၀မ်းသာကြရမှာပါ။”

အော်ဒီဒူးကုမ္ပဏီရဲ့ ဆင်းကတ်ရရှိဖို့အတွက် ပထမအဆင့်အနေနဲ့ နာမည်နဲ့မှတ်ပုံတင်အမှတ်တွေ ပါဝင်တဲ့ ကြိုတင်လျှောက်လွှာ ဖြည့်ပြီး တင်မယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မစ္စ တာဖုန်း အရောင်းဆိုင်က အရောင်းတာဝန်ခံတဦးက ပြောပါတယ်။
“အဓိက လိုအပ်မှာက မှတ်ပုံတင်ပါ။ ၅ လပိုင်းဆိုရင် ဆင်းကတ်ထုတ်ပေးမယ်။ Gold ဆင်းကတ် အနေနဲ့ ထုတ်ပေးမယ်။ အဓိကက မန်ဘာ ကတ်ပေါ့။ ဖောင်ကို တင်ထားမယ်ဆိုရင် မိုးရာသီရောက်ရင် အော်ရီဒူးကနေ ဆင်းကတ်ကို ချပေးပါလိမ့်မယ်။ ၇ လပိုင်းကျရင် ဖြစ်နိုင်တာပေါ့။ ဆင်းကတ်ကိုရမှာက တန်ဖိုးငွေ အနည်းဆုံး ၁၅၀၀ ကျပ်နဲ့ ရောင်းချပါလိမ့်မယ်။ တကယ်လို့ တန်ဖိုးငွေ ၁၅၀၀ ကျပ်နဲ့ မဟုတ်ရင်တောင် ဒီ Gold ကတ်ကို ထုတ်ထားတဲ့အတွက် ဆင်းကတ်ကို လက်ဆောင်ပေးတာတို့ အလကားဖရီးသုံးရတာမျိုး ဖြစ်နိုင်သလို့ ဆင်းကတ်ထဲမှာ ဖုန်းငွေ ပါတာမျိုး ဒါမဟုတ် သူတို့ဘက်က လက်ဆောင်တခုခုပေးတာမျိုးပေါ့နော် အဲဒါမျိုးတွေ တခုခုကို ကြိုတင်ခံစားနိုင်ပါတယ်။ ဒီကတ်ကို ရထားသောအားဖြင့် ဆင်းကတ်က ရကိုရမယ်ဆိုတာ သေချာပါတယ်။”

အော်ဒီဒူး အနေနဲ့ ဆင်းကတ်တန်ဖိုးကို ၁၅၀၀ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ဖုန်းခေါ်ဆိုခကိုတော့ တမိနစ် ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။

အစိုးရက ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် ပြည်ပနိုင်ငံတွေက ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို တင်ဒါ ဖိတ်ခေါ်ပြီး စိစစ်ရွေးချယ်ခဲ့ရာမှာ နော်ဝေအခြေစိုက် တယ်လီနော် နဲ့ ကာတာအခြေစိုက် အော်ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီ ၂ခုအောင်မြင်ခဲ့ပြီး အခုလို့ဈေးကွက်ရရှိရေး ပြိုင်ဆိုင်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013