DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက်ဖွဲ့စည်းရေး ဆွေးနွေး
DVB
·
March 5, 2014
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက်ဖွဲ့စည်းရေး ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူငယ်ပါင်းစုံ ပါဝင်တဲ့ တနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက် ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက တိုင်းရင်းသား လူငယ် ကိုယ်စားလှယ်တွေ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုက တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်ဟာ မော်လမြိုင်မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်မှာ လာရောက် ဆုံဆည်းပြီး ခုလို ဆွေးနွေးနေတာ ဖြစ်ပါတယ်။

1506951_558588474256835_2120256684_nမြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက်ကနေ ပြည်နယ်နဲ့ တိုင်းအသီးသီးက လူငယ်တွေ တွေ့ကြုံနေရတဲ့ ပြဿနာအခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ၀ိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် ကွန်ရက်ဖွဲ့ဖို့ ကြိုးပမ်းနေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွန်လူငယ်ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီဝင် ဦး ကြည်ဇော်လွင်က ဒီဗွီဘီကို ခုလို ပြောပါတယ်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက် ဒါမှမဟုတ် လူငယ်အဖွဲ့အစည်းတခု ပေါ်ပေါက်ရေး ဆွေးနွေးနေတာပါ။ နောက် အာဆီယံလူငယ်ဖိုရမ်က ဒီလ ၁၇ ရက်နေ့ ရန်ကုန်မှာ ကျင်းပမယ်၊ အဲဒီကိစ္စတွေအတွက်လည်း ဆွေးနွေးပါတယ်။ နောက် လူငယ်တွေရဲ့ ၂၀၁၄ ကြေငြာချက် ထုတ်ပြန်ဖို့ ကိစ္စတွေလည်း ဆွေးနွေးပါတယ်။”


ဒီမနက် စတင်တဲ့ လူငယ်ဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေတို့ကလည်း တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် သူများပြောတာ နားယောင်ဖို့မလိုဘဲ မိမိ အနာဂတ်လမ်းကို ဖြေင့်ဖြောင့်မတ်မတ် လျှောက်လှမ်းဖို့ ပြောကြားခဲ့ပါတယ်။

မတ် ၄ ရက်ကနေ ၆ ရက်နေ့ထိ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို တက်ရောက်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး မိမိဒေသအလိုက် ဖိုရမ်တွေ ကျင်းပပြီး အချက်အလက်စုစည်းခြင်းနဲ့ ကိုယ်စားပြုလူငယ်အဖွဲ့တွေ ရွေးချယ်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မှာ ကျင်းပခဲ့ပြီး ခုတကြိမ် မွန်ပြည်နယ်မှာ ကျင်းပတာ ဖြစ်ပါတယ်။

လာမယ့်နှစ်တွေမှာလည်း ၁ နှစ် ၁ ကြိမ် ပြည်နယ်နဲ့တိုင်းအလိုက် အလှည့်ကျ ကျင်းပသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013