DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီသင်္ကြန်ပွဲ၌ ဂျက်မြသောင်း၊ သန်းမြတ်စိုး၊ ဝိုင်းလမင်းအောင်၊ ယဉ်လက်တို့ ဖျော်ဖြေမည်
DVB
·
April 11, 2022
စစ်ကောင်စီသင်္ကြန်ပွဲ၌ ဂျက်မြသောင်း၊ သန်းမြတ်စိုး၊ ဝိုင်းလမင်းအောင်၊ ယဉ်လက်တို့ ဖျော်ဖြေမည်
Donate to DVB

စစ်ကောင်စီက စီစဉ်ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ဝါရင့်အဆိုတော်  ဂျက်မြသောင်း၊ မြန်မာသံအဆိုတော် သန်းမြတ်စိုး၊ ဝိုင်းလမင်းအောင်နဲ့ သရုပ်ဆောင်ယဉ်လက်တို့  ပါဝင်ဖျော်ဖြေသွားကြမယ်လို့ စစ်ကောင်စီပြန်ကြားရေးက ကြေညာထားပါတယ်။

စစ်ကောင်စီဝါဒဖြန့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်မယ့် “မင်္ဂလာပါအတာသင်္ကြန်” တေးဂီတဖျော်ဖြေပွဲမှာ ဧပြီ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ သီတင်းတပတ်ကြာ တင်ဆက်သွားမှာဖြစ်ပြီး သူတို့နဲ့အတူ တက္ကသိုလ် ကိုကိုဇော်၊ ရဲထိုက်၊ ဆူးနစ်၊ ယဉ်ဝေယံထွန်း၊ ပန်းအိဖြူ၊ သက်မှူးခင်၊ ရွှေရူပါဦး၊ နေခြည်၊ နန်း KZ ၊ မြင်းမိုရ်သွန်းခ၊ အိအိလှိုင်၊ နန်းစန္ဒီ၊ မြနန္ဒာတို့ ပါဝင်တယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေး ပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း  ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲကြခြင်းနဲ့ အာဏာရှင်ကို ဆက်လက်ပြီးတော့ ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပြီး ပြည်သူဘက်ကရပ်တည်တဲ့ အနုပညာရှင်တွေကလည်း ဒီသင်္ကြန်ပွဲကို ညီညီညာညာ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

ခုလိုအခြေအနေမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေတာတွေကို ပြည်သူတွေက ဆန့်ကျင်နေကြသလို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲပြီး အလိုကျလိုက်ပါ ဖျော်ဖြေနေတဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ အားကစားနယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေကိုလည်း ဝေဖန်ကန့်ကွက် လုပ်ဆောင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ တနှစ်ကျော်ရှိလာသည့်တိုင် နိုင်ငံတဝန်းမှာပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြားဆက်လက် ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013