DVB Logo
Home
မြန်မာသတင်း
မန္တလေးကျုံးနံဘေး သင်္ကြန်ဖွင့်ပွဲ အစမ်းလေ့ကျင့်၊ ကျုံးဘေး လုံခြုံရေးတင်းကျပ်
DVB
·
April 11, 2022
မန္တလေးကျုံးနံဘေး သင်္ကြန်ဖွင့်ပွဲ အစမ်းလေ့ကျင့်၊ ကျုံးဘေး လုံခြုံရေးတင်းကျပ်
Donate to DVB

အခုနှစ် ကျရောက်မယ့် မန္တလေးသင်္ကြန်ကို ကျင်းပဖို့  အာဏာသိမ်းစစ်ကောင်စီက ကျုံးအတွင်းမှာ ပြင်ဆင်နေပါတယ်။

ကျုံးပတ်လည် တလျှောက်က လမ်းတချို့မှာလည်း အခုကတည်းက ပိတ်ဆို့ထားပြီး လုံခြုံရေး အင်မတန်တင်းကျပ်နေတယ်လို့ သိရပါတယ်။ ဧပြီ ၁၀ ရက်နေ့ကလည်း ကျုံးမြောက်ဘက် လူနေရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ပါတယ်။

သင်္ကြန်ပွဲကို လောင်းလှေတွေ၊ လှည်းယာဉ်တွေနဲ့ ကျင်းပဖို့ ပြင်ဆင်နေပြီး ဧပြီ ၁၁ ရက်နေ့မှာတော့ ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှုကို ကျုံးရေပြင်နဲ့ နန်းမြို့ရိုးအကြား ပတ်လမ်းတလျှောက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သင်္ကြန်အကြိုနေ့မှာတော့ မန္တလေးစည်ပင်ရှေ့က ဗဟိုမဏ္ဍပ်မှာ ဖွင့်ပွဲကျင်းပမှာဖြစ်ပြီး ပြင်ပလူ ဝင်ရောက်ခွင့်မပြုဘူးလို့ သိရပါတယ်။ သင်္ကြန်ဖွင့်ပွဲနဲ့အတူ ကျုံးရေပြင်အတွင်း တည်ဆောက်ထားတဲ့ ရတနာပုံ အပန်းဖြေဥယျာဉ်ကိုလည်း ဖွင့်လှစ်မယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလအတွင်း စစ်အုပ်စုကကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့နဲ့ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်း သင်္ကြန်ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်နေစဉ် ၆၂ လမ်းနဲ့ လမ်း ၃၀ ထောင့်က ဒုက္ခစရိယ ဘုရားဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပြီး မော်တော်ယာဉ် ၁ စီး ပျက်စီးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013