
စစ်အာဏာရှင်တပ်က နယ်မြေမထိန်းချုပ်နိုင်လို့ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ နယ်မြေတွေနဲ့ ကိုယ်စားလှယ်လစ်လပ်သွားတဲ့ နယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ဧပြီလ ၄ ရက်မှာ ကျင်းပမယ်လို့ စစ်အာဏာရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲလုပ်မဲ့ မဲဆန္ဒနယ်တွေထဲမှာ ပြည်သူ့လွှတ်တော် ၃၄ နေရာ၊ နိုင်သူ အကုန်ယူ စနစ် (FPTP) နဲ့ လုပ်မဲ့ အမျိုးသားလွှတ်တော် ၅ နေရာနဲ့ FPTP နဲ့လုပ်မဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ၁၆ နေရာ ပါဝင်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမဲ့ ဒေသတွေထဲမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော်က မြို့နယ်တချို့ပါဝင်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာနဲ့ ဒီနှစ် ဇန်နဝါရီလတွေမှာ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကျင်းပခဲ့တာမှာ အတုအယောင်ရွေးကောက်အဖြစ် ပြည်တွင်းပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက်ရှုတ်ချ အသိအမှတ်မပြုခဲ့ကြပါဘူး။
စစ်အာဏာရှင်တပ်က ပြည်သူတွေကို ခြိမ်းခြောက်မဲပေးခိုင်းတာတွေ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ သူတွေကို ဖမ်းဆီးပြီး ထောင်နှစ်ရှည်ချတာတွေလည်း လုပ်ခဲ့ပါတယ်။











