DVB Logo
Home
မြန်မာသတင်း
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန် ဘင်းမ်စတက်ခေါင်းဆောင်များ သံန္နိဋ္ဌာန်ချ
DVB
·
March 4, 2014
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန် ဘင်းမ်စတက်ခေါင်းဆောင်များ သံန္နိဋ္ဌာန်ချ
Donate to DVB

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်မှာ လက်ခံကျင်းပနေတဲ့ ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲမှာ ဒေသတွင်း နိုင်ငံတွေအကြား ဆင်းရဲမွဲတေမှု လျော့ချဖို့ ခေါင်းဆောင်တွေက ထပ်လောင်း သံန္နိဋ္ဌာန် ပြုခဲ့ပါတယ်။

bimstec3ပြည်သူတွေရဲ့ ဘ၀ ချောင်လည်ရေးနဲ့ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက် ဆင်းရဲ မွဲတေမှုကို လျှော့ချသွားဖို့ ခိုင်မာတဲ့ သံန္နိဋ္ဌာန်ချမှတ်ခဲ့တယ်လို့ တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးပြီး မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာစာတမ်းမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ နည်းပညာ၊ ရေလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ စိုက် ပျိုးရေး၊ ယဉ်ကျေးမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သဘာဝဘေး အန္တရာယ် ထိန်းသိမ်းရေး၊ ပြည်သူ့ ကျန်းမာရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနဲ့ ရာသီဥတု ပြောင်းလဲမှု စတဲ့ ကဏ္ဍ (၁၄) ခုမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့လည်း ခေါင်းဆောင်တွေက ထုတ်ဖော်ပြသခဲ့ပါတယ်။

ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဖော်ဆောင်ရာမှာ တိုးတက်မှုတွေ လုပ်ဆောင် နိုင်တဲ့ အတွက် ကျေနပ်မိ သလို သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာရေးအတွက် ဆုံးဖြတ်ချက် ချထားတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တိုးတက်မှု အနည်းဆုံး အဖွဲ့ဝင်နိုင်ငံ ရင်ဆိုင်ရတဲ့ အထူး စိန်ခေါ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထောက်ပံ့မှုလိုအပ်တာတွေကိုလည်း ခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။

ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးမှာ ဘင်းမ်စတက်နိုင်ငံရဲ့ အတွင်းရေးမှူးအဖြစ် သိရီလင်္ကာနိုင်ငံက မစ္စတာ စုမစ် နာကန်ဒါလကို ရွေးချယ်ခဲ့သလို အတွင်းရေးမှူးချုပ်ရုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှာ အခြေစိုက်ပြီး မေလ ၁ ရက်နေ့ စတင် လည်ပတ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှာ တည်ထောင်နိုင်ရေး အဖွဲ့ဝင် နိုင်ငံများရဲ့ ယဉ်ကျေးမှုလုပ်ငန်းများ ကော်မရှင်နဲ့ ယဉ်ကျေးမှုလုပ်ငန်းများ လေ့လာရေး ဌာနကို ဘူတန် နိုင်ငံ သင်ဘူးမြို့မှာ တည်ထောင်နိုင်ရေး၊ အဖွဲ့ဝင်နိုင်ငံများ မိုးလေ၀သနဲ့ ရာသီဥတု ဗဟိုဌာနကို အိန္ဒိယနိုင်ငံ နွိုင်အီဒါမြို့မှာ ဖွင့်လှစ်နိုင်ဖို့ နားလည်မှု စာချွန်လွှာ ၃ ခုကိုလည်း လတ်မှတ်ရေးထိုးခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သိရီလကာင်္၊ ထိုင်း၊ နီပေါလ်၊ ဘူတန်နိုင်ငံတွေ ပါဝင်ပြီး အမြဲတမ်း အတွင်းရေးမှုးချုပ်ရုံးကို ဒီနှစ်မှ စတင် တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013