DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားမီဒီယာ ညီလာခံ တောင်ကြီးမြို့တွင် ကျင်းပ
DVB
·
March 4, 2014
တိုင်းရင်းသားမီဒီယာ  ညီလာခံ တောင်ကြီးမြို့တွင် ကျင်းပ
Donate to DVB

တိုင်းရင်းသားမီဒီယာအခန်းကဏ္ဍ မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ပြည်တွင်းပြည်ပက တိုင်းရင်းသား မီဒီယာအဖွဲ့ပေါင်းစုံပါဝင်တဲ့ ညီလာခံတခု  ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်းတိုက်မှာ ဒီကနေ့မနက်က စတင်ကျင်းပနေပါတယ်။

1891112_669105516461285_2047239451_n copyဒီညီလာခံမှာ တိုင်းရင်းသားမီဒီယာအခန်းကဏ္ဍ မြှင့်တင်ဖို့ နဲ့ တိုင်းရင်းသားမီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်၊ ဒေသဆိုင်ရာ တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးတိုးတက်မှု၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ၃ ရက်ကြာ  ဆွေးနွေးနေကြတာပါ။

ညီလာခံကျင်းပရခြင်း  ရည်ရွယ်ချက်နဲ့ ဒီကနေ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ညီလာခံ ဦးစီးကျင်းပတဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) က အရာရှိ နန့်ဖော့ဂေက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အထူးသဖြင့်တော့ တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ရယ်၊ နောက်တခုက တိုင်းရင်းသားမီဒီယာတွေရဲ့ ကွန်ရက်ကိုလည်း  သေချာ မဟာဗျူဟာဆွဲပြီးတော့ စနစ်တကျဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ခုလက်ရှိဆွေးနွေးနေတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်ပြီးတော့ သဘာဝအရင်းအမြစ်အကြောင်းတွေပေါ့နော်၊ နောက်ပြီးတော့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေပါတယ်။”

ဒါ့အပြင် မီဒီယာနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်စပ်မှုတွေ၊ မီဒီယာထဲမှာ အမျိုးသမီးတွေ ပါဝင်မှု အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စတွေလည်း ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီကနေ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးကတော့ တိုင်းရင်းသားဘာသာ ဂျာနယ်တွေထုတ်ဝေတာကို အားပေးကြောင်း ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ၀န်ကြီးချုပ် စ၀်အောင်မြတ်က လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားမီဒီယာတွေလည်း တဖက်တလမ်းက ပံ့ပိုးပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

“စာနယ်ဇင်းကျင့်ဝတ် မီဒီယာကျင့်ဝတ်တွေနဲ့အညီ စနစ်တကျဖော်ထုတ်ခွင့်ရတဲ့ မီဒီယာအဖွဲ့တွေ ဖြစ်လို့လည်း အစိုးရဘက်ကလည်း အလေးအနက်ထားပြီး  မီဒီယာတွေရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့၊ မီဒီယာနဲ့ ပြည်သူတွေ ပိုနီးစပ်ဖို့၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့လည်း ပိုနီးစပ်အောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာပါ။”

တိုင်းရင်းသားမီဒီယာအများစုဟာ အရင်စစ်အစိုးရလက်ထက်က  အတိုက်အခံမီဒီယာအနေနဲ့ ပြည်ပမှာ ရပ်တည်လာခဲ့ရာက အခုအစိုးရသစ်လက်ထက်မှာတော့   ပြည်တွင်းမှာ ပြန်လည်အခြေချလာနိုင်ခဲ့ကြတာပါ။

တိုင်းရင်းသားမီဒီယာညီလာခံကို ၂၀၁၃ ဧပြီလတုန်းက မွန်ပြည်နယ်မှာ ပထမအကြိမ် ကျင်းပခဲ့ပါတယ်။

ပြည်တွင်းမှာပြန်ပြီး ညီလာခံကျင်းပခွင့်ရတဲ့နောက် တိုင်းရင်းသားမီဒီယာတွေ ပိုမိုအားကောင်းလာပြီး  မီဒီယာလွတ်လပ်ခွင့်လည်း ပိုရခဲ့တယ်လို့ နန့်ဖော့ဂေက ပြောပါတယ်။

“တနှစ်အတောအတွင်းမှာ တိုင်းရင်းသားမီဒီယာတွေအပြင် တိုင်းရင်းသားမီဒီယာမဟုတ်တဲ့ တခြားလွတ်လပ်တဲ့ မီဒီယာတွေ၊ ပုဂ္ဂလိက မီဒီယာတွေမှာပါ တိုင်းရင်းသားသတင်းကို အရင်ထက်ပိုပြီး ဖော်ပြလာတယ်။ တိုင်းရင်းသားသတင်းဌာနက သတင်းတွေ ရယူအသုံးပြုလာတယ်။ အစိုးရရဲ့ ပြန်ကြားရေးဌာနမှာလည်း တိုင်းရင်းသား ကဏ္ဍတွေ တိုးချဲ့လာတယ်ဆိုတော့  ပွင့်လင်းလာတယ်လို့ ပြောလို့ရတယ်ပေါ့။”

ညီလာခံကို မတ်လ ၆ ရက်နေ့အထိ ကျင်းပသွားဖို့ရှိပြီး ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကရင်နီ၊  မွန် အစရှိတဲ့ ပြည်တွင်းပြည်ပ သတင်းဌာနကိုယ်စားလှယ်တွေရော၊  ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ တိုင်းရင်းသားဘာသာ ၀န်ထမ်းတွေပါ စုစုပေါင်း ၂၀၀ လောက် တက်ရောက်နေကြတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013