DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၅၅ နှစ်မြောက်နေ့အခမ်းအနား ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကျင်းပ
DVB
·
April 9, 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၅၅ နှစ်မြောက်နေ့အခမ်းအနား ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကျင်းပ
1 / 2
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ၅၅ နှစ်မြောက်နေ့ အခမ်းအနားကို ဧပြီ ၉ ရက် ဒီနေ့မနက်က  ALP ဌာနချုပ်အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ရခိုင်ပြည်တွင်းကနေရာတွေမှာ ကျင်းပခဲ့တယ်လို့ ALP တာဝန်ရှိသူတဦးက  ပြောပါတယ်။

အခမ်းအနားကို ALP ပါတီဝင်တွေ၊ ပါတီအားထောက်ခံအားပေးသူတွေနဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပြီး ပါတီခေါင်းဆောင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဋ္ဌစောမြရာဇာလင်းနဲ့ အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်တို့ ခရီးလွန်နေလို့ အခမ်းအနားကို အွန်လိုင်းကနေ  တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ၁၉၆၇ ခုနှစ်မှာ အိန္ဒိယနယ်စပ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်၊ ဧပြီလမှာ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ နောက်ပိုင်းမှာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် (အန်စီအေ)မှာလည်း ပါဝင် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။

Photo -ALP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013