DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး ပူးပေါင်းမည်
DVB
·
March 4, 2014
အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး ပူးပေါင်းမည်
Donate to DVB

အိန္ဒိယ -  မြန်မာ နှစ်နိုင်ငံအကြားမှာ နယ်စပ်ဒေသ လုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွေမှာ ပူးပေါင်း ဆောက်ရွက်သွားမယ်လို့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားလိုက်ပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား လုံခြုံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေအပါအဝင် ပှုပေါင်းဆောင်ရွက်သွားမယ့်အကြောင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက မတ်လ ၄ ရက်နေ့ နေပြည်တောင်မှာပြုလုပ်တဲ့ ဘင်းမ်စတက် (BIMSTEC) ဆွေးနွေးပွဲမှာ ပြောပါတယ်။

[caption id="attachment_52680" align="alignright" width="300"]အိန္ဒိယ၀န်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် အိန္ဒိယ၀န်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန်[/caption]

“နိုင်ငံတကာ ရာဇ၀တ်မှု နဲ့ တရားမဝင် မှုးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနဲ့  အကြမ်းဖက်မှု တိုက်ဖျက် ပှုပေါင်းဆောင်ရွက်ရေး အပေါ် သဘာတူညီစာချုပ်ရဲ့ အတည်ပြုချက် ကို ကျနော်တို့ အစောဆုံး ရှာဖွေရမယ်။ ပြီးတော့ ရာဇဝတ်  ပြစ်မှုကျုးလွန်တဲ့ ကိစ္စ နှစ်ဦးနှစ်ဖက် တရားဝင် အကူအညီ ရရေးအပေါ် ဘင်းမ်စတက် သဘောတူစာချုပ် အစောဆုံး လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်။”

အိန္ဒိယ နိုင်ငံဟာ ဘင်းမ်စတက် နဲ့ ပှုပေါင်းနေတာဟာ project တွေ အားလုံးကို တိုးတက်လုပ်ဆောင်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် ကားလမ်းဖောက်လုပ်ရေး၊ ကုလားတန် မြစ် ကုန်သွယ်ရေး စီမံကိန်း နဲ့ အာရှ ကားလမ်းဖောက်လုပ်ရေးတွေအာပြင် အာဆီယံ နိုင်ငံတွေ နဲ့ အထူး စီမံကိန်းတွေအပါအဝင် တိုးတက်အောင်ဆောင်ရွက်သွားမယ်လို့ အိန္ဒိယ၀န်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်မှာ အိမ်ရှင်အဖြစ် ပြုလုပ်တဲ့ ဘင်္ဂလား ပင်လယ်အော် ဒေသအတွင်းကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးဖွင့်ပွဲမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံအားလုံးက ပြည်သူပြည်သားတွေရဲ့ အနာဂတ် သာယာလှပရေးအတွက် ကြည့်ရှုပြီး ဘင်းမ်စတက် အဖွဲ့ကြီးရဲ့ လုပ်ငန်းအရှိန်နဲ့ ပှုးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်တွေ အောင်မြင်မှုရအောင်လည်း ဘင်းမ်စတက် အဖွဲ့ဝင်တွေအားလုံး ခိုင်မာတဲ့ ကတိတွေ ဖော်ပဖို့ လိုကြောင်းလည်း သမ္မတက ပြောပါတယ်။

ဖွင့်ပွဲ အခမ်းအနားအပြီးမှာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူစာချွန်လွှာ ၂ ရပ် နဲ့ နားလည်မှု စာချွန်လွှာ ၁ ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာချွန်လွှာထဲမှာ ဘင်းမ်စတက် အမြဲတမ်းအတွင်းရေးမှူးရုံး တည်ထောင်ရေး၊ မိုးလေ၀သ နဲ့ ရာသီဥတုဌာနထူထောင်ရေးတွေ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သိရီလကာင်္၊ ထိုင်း၊ နီပေါလ်၊ ဘူတန်နိုင်ငံတွေ ပါဝင်ပြီး အမြဲတမ်း အတွင်းရေးမှုးချုပ်ရုံးကို တည်ထောင် နိုင်ခြင်း မရှိသေးပါဘူး။

ဘင်းမ်စတက်ရဲ့ ညီလာခံကြီးတွေကိုတော့ ထိုင်း နဲ့ အိန္ဒိယနိုင်ငံတွေမှာ ကျင်းပခဲ့ပြီး အခု မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တတိယကြိမ်မြောက် ကျင်းပနေတာပါ။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013