DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန် ပေ ၁၀၀ အထက်မဏ္ဍပ် အနည်းဆုံး ၅၀ ခွင့်ပြုမည်
DVB
·
March 4, 2014
ရန်ကုန်သင်္ကြန် ပေ ၁၀၀ အထက်မဏ္ဍပ် အနည်းဆုံး ၅၀ ခွင့်ပြုမည်
Donate to DVB

၂၀၁၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကျင်းပတဲ့အခါ ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ်အကြီး အနည်းဆုံး ၅၀ လောက် ခွင့်ပြုသွားမယ်လို့ အင်ဂျင်နီယာဌာနလမ်းနဲ့ တံတား တာဝန်ရှိသူ ဗိုလ်ကြီးမျိုးလွင်က ပြောပါတယ်။

dowjones-15-web_-handlers-article-contenthandler-ashx_မဏ္ဍပ် အကြီး၊ အလတ်၊ အသေး သုံးမျိုးထား ခွင့်ပြုသွားမှာဖြစ်ပြီး ပေ ၁၀၀ နဲ့ အထက် မဏ္ဍပ်တွေကိုတော့ အကြီးစာရင်းထဲမှာ သွင်းပြီး လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ရေကစားမဏ္ဍပ် ဆောက်လုပ် ခွင့်တွေကိုလည်း စတင်လက်ခံနေပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးကနေတဆင့် မဏ္ဍပ်နေရာချထားရေး ဆပ်ကော်မတီကို လျှောက်ထားရမယ်လို့ ဆိုပါတယ်။

သင်္ကြန်ချိန်ခါတိုင်း မဏ္ဍပ်တည်ဆောက်ခွင့်ပေးနေတဲ့ ကန်တော်ကြီး ကန်ပတ်လမ်းတလျှောက် ကမ္ဘာအေးဘုရားလမ်းတလျှောက် ပြည်လမ်းနဲ့ ပါရမီလမ်း အစရှိတဲ့ နေရာတွေမှာ ရေကစားမဏ္ဍပ်တွေ တည်ဆောက်ခွင့်ပေးသွားမယ်လို့ သူကပြောပါတယ်။

ကန်တော်ကြီး ကန်ပတ်လမ်းတလျှောက်ကိုတော့ သင်္ကြန်ကာလအတွင်း ညာပတ် တလမ်းမောင်းစနစ်ကို ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013