DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူအချို့ကို KPS ဖမ်းဆီးအရေးယူ
DVB
·
April 9, 2022
ကလေးမြို့နယ်၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူအချို့ကို  KPS ဖမ်းဆီးအရေးယူ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း CDF(KKG) ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်  မူးယစ်ဆေးဝါးရောင်းချသူ ၃ ယောက်နဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတယ်လို့ CDMရဲတွေနဲ့ဖွဲ့စည်းထားတဲ့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က ဧပြီ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။   

ဧပြီ ၆ ရက်က  ကလေးမြို့နယ်  ကျေးရွာတရွာမှာ မူးယစ်ဆေးဝါးရောင်းချသူ တယောက်ထံက ပင်နယ်စလင် ၁၅ ပုလင်းနဲ့ မူးယစ်ဆေးဝါးရောင်းချရငွေကျပ် ၁၀၀၀၀ အရင် ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနောက် အမှုကွင်းဆက်ကို စစ်ဆေးမေးမြန်းခဲ့ရာ မူးယစ်ဆေးဝါးရောင်းချသူနောက် တယောက်ကို 125 ဆိုင်ကယ်တစီး၊ ကာလတန်ဖိုး ကျပ်  ၃၃ သိန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးပါ ဆပ်ပြာခွက် ၁၁ ခွက် သိမ်းဆည်းရမိခဲ့တယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းချဖို့ နောက်ထပ် အမျိုးသားတယောက်ကိုလည်း   ကာလတန်ဖိုး ကျပ် ၃ သိန်းလောက်ရှိတဲ့ မူးယစ်ဆေးဝါးပါ ဆပ်ပြာခွက်တခွက်၊ 125 ဆိုင်ကယ် ၁ စီးနဲ့၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို  ဖမ်းဆီးရမိခဲ့တယ်လို့လည်း ကလေးပြည်သူ့ ရဲတပ်ဖွဲ့(KPS)က ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဥပဒေအတိုင်း ထိရောက်တဲ့ပြစ်ဒဏ်တွေ  ချမှတ်သွားမယ်လို့ ကလေးပြည်သူ့အုပ်‌ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကလေးဒေသခံတွေအနေနဲ့ ကလေးပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေရဲ့ စည်းကမ်းချက်တွေနဲ့ ဖမ်းဆီးအရေးယူမှုတွေကို လိုက်နာလက်ခံကြပြီး ကလေးမြို့နယ်မှာတော့ ပြည်သူ့အုပ်ရေးအဖွဲ့တွေလည်း စတင်ဖွဲ့စည်းနေကြပြီ ဖြစ်ပါတယ်။

ကလေးမြို့နယ်က မိဘပြည်သူတွေအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံစွဲသူတွေကို သတင်းပေးဖို့ကြဖို့လည်း ကလေးပြည်သူ့ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့‌ဖေဖော်ဝါရီလကလည်း  က‌လေးပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့  မူးယစ်ဆေးဝါးအမှု ၂၅ မှုနဲ့ မုဒိမ်းမှု ၁ မှုကို  စစ်ဆေးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013