DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ ၃၇၀၀ ကျော် စစ်ကောင်စီချပေး
DVB
·
April 9, 2022
ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ  ၃၇၀၀ ကျော် စစ်ကောင်စီချပေး
Donate to DVB

အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက်  ၂၀၂၂-၂၃ ဘဏ္ဍာနှစ်  အသုံးစရိတ်ဘတ်ဂျက်ကို ကျပ်ငွေ ဘီလီယံ ၃၇၀၀  ကျော် ချပေးလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က မတ်လ ၂၉ ရက်နေ့စွဲနဲ့ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု၏  ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေမှာ ကာကွယ်ရေး အသုံးစရိတ်ကို ငွေကျပ် သန်းပေါင်း  ၃,၇၀၃,၈၆၆ ဒသမ ၇၉၈ ( ဘီလီယံ ၃၇၀၀  ကျော်)ကို  ချပေးထားတာ ဖြစ်ပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာနအတွက်လည်း ကျပ်သန်းပေါင်း  ၅၁၁,၂၁၉ ဒသမ ၄၃၂  ချထားပေးထားပြီး ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနနှစ်ခုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၄,၂၁၅,၀၈၆.၂၃  (၄၂၁၅ ဘီလီယံကျော်) ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကတော့ ကျပ်သန်းပေါင်း ၂,၁၆၄,၂၉၈   ဒသမ    ၂၀၈ ကျန်းမာရေးဝန်ကြီးဌာနအတွက်  အသုံးစရိတ်ကတော့  ကျပ်သန်းပေါင်း    ၈၆၁,၂၉၁ ဒသမ     ၈၂၅ရှိတဲ့အတွက် ပညာရေးနဲ့ ကျန်းမာရေးဌာန နှစ်ခုပေါင်း ဘတ်ဂျက် ကျပ်သန်းပေါင်း ၃၀၂၅,၅၉၀ ဒသမ ၀၃၃ ( ၃၀၂၅ ဘီလီယံကျော်) ရှိပါတယ်။

ဒါကြောင့် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ထက် ကျပ်ငွေ ဘီလီယံ ၇၀၀ လောက်ပိုများနေတာတွေ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ နှစ်စဉ် နိုင်ငံတောဘတ်ဂျတ်တွေ ပိုပိုသုံးစွဲလာတာဖြစ်ပြီး ပြီးခဲ့တဲ့  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က  ၁,၉၀၅ ဒသမ ၁၉၅ ဘီလီယံ ၊ ၂၀၁၈-၁၉   ဘဏ္ဍာနှစ်မှာ  ၃,၂၄၁ ဒသမ ၃၆၅ ဘီလီယံ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ဘီလီယံ  ၃,၃၇၀ ဒသမ ၇၉၈ အသုံးပြခဲ့ပြီး အခုနှစ်မှာတော့  ကျပ်ငွေ ဘီလီယံ ၃၇၀၀  အထိ ဘတ်ဂျက်တိုးမြှင့် သုံးပြုလာတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးနိုင်ခြင်းမရှိတော့ဘဲ  အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်အတည်ပြု သုံးစွဲခွင့်ရနေတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေဟာလည်း ပြည်သူပိုင်ဘဏ္ဍာငွေကိုအသုံးပြုပြီး  နိုင်ငံအနှံ့အပြားမှာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် ရွာမီးရှို့ မြေပြင်မှာစစ်ဆင်နေသလို လေကြာင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေတာဖြစ်ပါတယ်။ 

Photo Credit-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013