DVB Logo
Home
မြန်မာသတင်း
ကရင်-ကယားနယ်စပ်တွင် ဒီးမော့ဆိုစစ်ရှောင်ပြည်သူများ နေထိုင်စားသောက်ရေးခက်ခဲ
DVB
·
April 9, 2022
ကရင်-ကယားနယ်စပ်တွင် ဒီးမော့ဆိုစစ်ရှောင်ပြည်သူများ နေထိုင်စားသောက်ရေးခက်ခဲ
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်းက စစ်ဘေးရှောင်ရောက်ရှိနေတဲ့ အရပ်သားပြည်သူ ၅၀၀၀ လောက်ဟာ ကရင်-ကယားနယ်စပ်မှာ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေကြား တိုက်ပွဲတွေကြောင့် လွိုင်ကော်-တောင်ငူကားလမ်းကတဆင့် နီးစပ်ရာ ယာဒို၊ သောက်ရေခပ်၊ လိပ်သို၊ ထန်းတပင်၊ အင်းကျော်ကျေးရွာတွေမှာ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်ခိုလှုံနေကြရတာပါ။

စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက” ကျနော်တို့ ရထားတဲ့စာရင်းတွေအရ ၅၀၀၀ ကျော်နိုင်တယ်။ သူတို့အတွက် အခက်ခဲအခဲတွေက အများကြီးပဲ။ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးတွေ လတ်တလောလိုအပ်နေတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားပေးနေတယ်။ အလှူရှင်တွေလည်း တတ်နိုင်သလောက် တိုင်းရင်းသားမောင်နှမတွေအတွက် စာနာလှူဒါန်းပေးဖို့ နှိုးဆော်ချင်ပါတယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင် ရောက်ရှိနေသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများဆုံးပါဝင်ပြီး နေထိုင်မကောင်းသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီဒေသတွင်းက စစ်ဘေးရှောင်နေပြည်သူတွေ သံတောင်မြို့ကိုမဝင်ရောက်နိုင်အောင် ယာဒိုကျေးရွာအနီးက စစ်ကောင်စီရဲ့(ယာဒို)တပ်စခန်းဂိတ်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်ကစတင်ပြီး တောင်ငူ၊ လွိုင်ကော်လမ်းကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့(ယာဒို)တပ်စခန်းက စစ်ဆေးမေးမြန်းတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် ယာဉ်ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားပါတယ်။

ကရင်နီဒေသ KNDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီရဲ့တပ်တွေက တောင်ငူ- သံတောင်- ဘောဂလိ- လွိုင်ကော်လမ်းပိုင်းကို စစ်ယာဉ်တန်းတွေ၊ အရပ်သားယာဉ်တွေကိုပါ အသုံးပြုပြီး လူ၊ လက်နက်ခဲယမ်းဖြည့်တင်းတာ ရိက္ခာပို့ဆောင်တာတွေကို အဓိကအသုံးပြုသွားလာနေတဲ့အတွက် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရှိသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013