DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကန့်သတ်မှုများ ရှိနေဆဲ
DVB
·
March 4, 2014
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကန့်သတ်မှုများ ရှိနေဆဲ
Donate to DVB

သမ္မတ ဦးသိန်းစိန်အစိုးရအသစ် စတင်တာဝန်ယူတဲ့ ၃ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ ပြည်သူတွေနဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်အခန်းကဏ္ဍတွေမှာ လူ့အခွင့်အရေး ကန့်သတ်မှုတွေ ရှိနေသေးတယ်လို့ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့က ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလမှာ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေကို တစုံတရာကုစားမှု ပေးရမယ်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမောင်မောင်လေးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရအပြောင်းအလဲကာလ အစောပိုင်းမှာ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုတွေ ရှိနေပေမယ့် အစိုးရတာဝန်ရှိသူတွေ ပေါ့လျော့မှုတွေကြောင့် အပြောင်းအလဲတွေက ရှေ့မရောက်တော့ဘဲ ရပ်တန့်လာတာတွေ တွေ့နေရတယ်လို့ Rainfall အမျိုးသမီးအဖွဲ့ ပူးတွဲတည်ထောင်သူ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အသင်းအဖွဲ့လိုက် လှုပ်ရှားမှုတွေနဲ့ အသင်းအဖွဲ့နဲ့ မဟုတ်ဘဲ လှုပ်ရှားနေသူတွေ ရှိနေသော်လည်း အားလုံးကို အသိအမှတ်ပြုပါတယ်လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ဟန့်တားနေတဲ့ဥပဒေတွေ ပြင်ဆင်ပေးဖို့ ပြည်သူလူထုက တောင်းဆို ဆန္ဒထုတ်ဖော်ပွဲတွေ ဆက်တိုက်လိုလို ရှိနေသလို မကြာသေးခင်ကပဲ စာပေဟောပြောပွဲတခုကို ပိတ်ပင်တာတွေလည်း ရှိခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013