DVB Logo
Home
မြန်မာသတင်း
မြန်မာက လယ်ယာ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍ ဘင်းမ်စတက်တွင် ဦးဆောင်ခွင့်ရ
DVB
·
March 3, 2014
မြန်မာက လယ်ယာ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍ ဘင်းမ်စတက်တွင် ဦးဆောင်ခွင့်ရ
Donate to DVB

တတိယအကြိမ်မြောက် နေပြည်တော်မှာ ကျင်းပနေတဲ့ BIMSTEC ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံက လယ်ယာ စိုက်ပျိုးရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲမှာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ ၁၄ ရပ်ကို ဆွေးနွေးသွားမှာ ဖြစ်သလို အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍမှာ မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

bimst-ecကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ နည်းပညာ၊ ရေလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သဘာဝဘေး အန္တရာယ် ထိန်းသိမ်းရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနဲ့ ရာသီဥတု ပြောင်းလဲမှုစတဲ့ ကဏ္ဍ ၁၄ ခုကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ဖို့ ဒီအစည်းအဝေးမှာ ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒီပွဲကို တက်ရောက်နေတဲ့ သမ္မတရုံး ၀န်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“အာဆီယံပုံစံမျိုး ဘင်းမ်စတက် အတွင်းရေးမှူး ခန့်အပ်ပြီးတော့ အတွင်းရေးမှူးချုပ်ရုံး တည်ထောင်နိုင်ဖို့၊ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးဖို့ နှစ်ခုရှိတယ်။ ယဉ်ကျေးမှု၊ မိုးလေ၀သတို့နဲ့ ပတ်သက်တာ။ နောက်ကျန်တာကတော့ ဘင်းမ်စတက် ကဏ္ဍ ၁၄ ခုရှိတယ်။ ၁၄ ခုမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆောင်ရွက်နိုင်တဲ့အခြေအနေတွေကို ပြန်ဆွေးနွေးဖို့ရှိတယ်။ ဘင်းမ်စတက်ရဲ့ လွတ်လပ်သော ကုန်သွယ်မှုဇုန်လုပ်ဖို့ သဘောတူထားတာရှိတယ်။ အခုချိန်ကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်တဲ့အချိန်ပေါ့၊ အဲကိစ္စတွေလည်း ဆွေးနွေးမှာပါ။”

နိုင်ငံရေး မတည်ငြိမ်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ကလွဲပြီး ကျန်ဘင်းမ်စတက်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေ အားလုံး တက်ရောက်ဆွေးနွေးကြ တယ်လို့ ဆိုပါတယ်။

ဒီထိပ်သီး အစည်းအဝေးကနေပြီး ဘင်းစတက်နိုင်ငံရဲ့ အတွင်းရေးမှူး နေရာအတွက် နိုင်ငံ တနိုင်ငံကို ရွေးချယ်သွားဖို့ ရှိနေသလို အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမြဲတမ်း အတွင်းရေးမှူးရုံး ဖွင့်လှစ်နိုင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သိရီလကာင်္၊ ထိုင်း၊ နီပေါလ်၊ ဘူတန်နိုင်ငံတွေ ပါဝင်ပြီး အမြဲတမ်း အတွင်းရေးမှုးချုပ်ရုံးကို တည်ထောင် နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013