DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းလုပ်သားများအနက် မြန်မာ ၇၀ ရာခိုင်နှုန်းပါဝင်
DVB
·
April 6, 2022
ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းလုပ်သားများအနက် မြန်မာ ၇၀ ရာခိုင်နှုန်းပါဝင်
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေထဲမှာ  မြန်မာအလုပ်သမားတွေက  ၇၀ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပါးတာ၊ အလုပ်လက်မဲ့များပြားလာတဲ့အတွက် ထိုင်းနိုင်ငံအတွင်းကို တရားမဝင်လမ်းကြောင်းတွေကနေ မြန်မာလုပ်သားတွေဟာ လူ တယောက်ကို ထိုင်းဘတ်ငွေ ၂၂,၀၀၀ ထိ ထိုင်းပွဲစားနဲ့ မြန်မာပွဲစားတွေကို ပေးပြီး ထိုင်းနိုင်ငံအတွင်းကို နည်းလမ်းပေါင်းစုံနဲ့  ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကိုဖြတ်ကျာ်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားဦးရေဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာ  နှစ်လတာအတွင်း ၅၀၀၀၀ ကျော်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ရောင်ခြည်ဦးရွှေ့ပြောင်းအလုပ်သမားအဖွဲ့ တာဝန်ရှိ ဦးမိုးကျော်သူက “၂၀၂၁ ခုနှစ် နိုင်ဝင်ဘာကနေ ဒီဇင်ဘာအထိ ကျနော်တို့ စောင့်ကြည့်နေတာတွေရှိတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် တဘက်မှာ လူငယ်တွေကို တွန်းပို့ပေးနေသလို ဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်ကို လူပွဲစားတွေက သိမ်းသွင်းတဲ့အပေါ်မှာ ယုံမှားသံသယနဲ့ လိုက်လာမယ်ဆိုရင် အခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်လို့” ဆိုပါတယ်။

ဧပြီ ၅ ရက် မနေ့ညပိုင်းလောက်က ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ လတ်ဘွန်လွန်မြို့နယ်မှာ တရားမဝင်မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ အလုံပိတ်ဟိုင်းလတ်ကား ၁ စီးနဲ့တင်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးကို ထိုင်းလူမျိုး ယာဉ်မောင်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၂၈ နှစ်အရွယ်  ထိုင်းနိုင်ငံသားယာဉ်မောင်းတယောက် မောင်းလာတဲ့    အလုံပိတ်ဟိုင်းလတ်ကားနောက်တံခါးကို ထိုင်းတာဝန်ရှိသူတွေက စစ်ဆေးဖို့ဖွင့်ကြည့်ရာက  မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနဲ့  အမျိုးသမီး ၁၆ ဦးကိုတွေ့ရှိပြီး ဖမ်းဆီးမိတာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ ဥပဒေအရ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအပြင် ကိုဗစ်ဥပဒေတွေနဲ့ပါ အရေးယူတာခံရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်ကာလရပ်ဆိုင်းထားတဲ့အလုပ်ရုံတွေမှာ အလုပ်သမား ၈ သိန်းကျော် လိုအပ်ချက်ရှိနေတာဖြစ်ပြီး အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ သွားရောက်မယ့် ဒေသရဲ့ အခြေအနေမှန်ကိုသိဖို့၊ အလုပ်အကိုင်ပေးနိုင်တဲ့အဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ သတင်းတွေကို နားထောင် သေချာလေ့လာပြီးမှ သွားရောက်စေချင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013