DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် အရက်မူးပြီး မီးရှို့ရာက လူနေအိမ် ၄ လုံး မီးလောင်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ
DVB
·
April 6, 2022
မိတ္ထီလာတွင် အရက်မူးပြီး မီးရှို့ရာက လူနေအိမ် ၄ လုံး မီးလောင်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၁၄ စွယ်တော်လမ်းမှာ ဧပြီ ၅ ရက် မနက်အစောပိုင်းက အရက်မူးနေသူတဦး မိမိနေအိမ်ကို မီးရှို့ရာက တခြားနေအိမ်တွေပါ မီးကူးစက်လောင်ခဲ့တာကြောင့် လူနေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အရက်မူးနေသူဟာ ကိုနိုင်လင်းဌေး ဆိုသူဖြစ်ပြီး အိမ်တွင်းရေးပြဿနာရှိပုံရကာ သူ့အိမ်သူ မီးပြန်ရှို့ရာက တခြားအိမ်တွေပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

"အရက်အမူးလွန်နေတော့ အိမ်တွင်းရေးပြဿနာရှိတယ် ထင်ပါတယ်၊ သူ့အိမ်သူ မီးပြန်ရှို့တာ၊ မီးတောက်က ကြီးလာပြီး တခြားအိမ်တွေပါ မီးကူးစက်လောင်ကုန်တယ်၊ အဲဒီအနီးနားက ဦးတင်လှိုင်ရဲ့ နဖူးမှာ ဒဏ်ရာရသွားတယ်၊ ပရဟိတအဖွဲ့က ဆေးရုံပို့ပေးတယ်၊ မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်ပြည်သူတွေ မီးဝိုင်းငြှိမ်းကြတာ နိုင်သွားလို့ တော်သေးတယ်။"

မီးဘေးသင့် အိမ်ထောင်စုတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေထိုင်ကြပြီး နေအိမ်ကို မီးရှို့တဲ့ ကိုနိုင်လင်းဌေးကိုတော့ မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013