DVB Logo
Home
မြန်မာသတင်း
မေယုစျေးသစ်ကြီး ၅ နှစ်ကျော်အထိ ဆောက်လုပ်မပြီးသေးသဖြင့် မူလစျေးသည်များ အခက်တွေ့
DVB
·
April 5, 2022
မေယုစျေးသစ်ကြီး ၅ နှစ်ကျော်အထိ ဆောက်လုပ်မပြီးသေးသဖြင့် မူလစျေးသည်များ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ၂၀၁၇ ခုနှစ် မတ်လက စတင်တည်ဆောက်နေတဲ့ မေယုစျေးသစ်ကြီး ဒီနေ့အထိ မပြီးသေးတာကြောင့် စျေးဆိုင်တွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

"သူတို့က လ ၃၀ နဲ့ အပြီးဆောက်လုပ်မယ် ပြီးစီးတာနဲ့ ကျနော်တို့ရဲ့ မူလစျေးဆိုင်တွေကို အခမဲ့ ပေးမယ်ဆိုပြီး ကတိခံဝန် စာချုပ်ချုပ်ဆိုထားတာရှိတယ်။ အခုဆိုယင် ၅ နှစ်ကျော်နေပြီ မပြီးနိုင်သေးဘူး။ မိုးရာသီရောက်တော့မယ်။ အခုယာယီဈေးမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်” လို့ လောကနန္ဒာဘုရား ရင်ပြင်အနီးရှိ ယာယိမ်မေယုစျေးမှာ ရောင်းချနေရတဲ့ စျေးသည်ဟောင်းတဦးက ပြောပါတယ်။

မေယုစျေးဟောင်းရှိ စျေးဆိုင် ၁၄၀ ကျော်ဟာ စစ်တွေမြို့ လောကနန္ဒာပုထိုးတော်ကြီးရဲ့ ဧရိယာထဲမှာ ယာယီဈေးတည်ဆောက်ကာ ရောင်းချနေကြရပြီး အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရတယ်လို့ စျေးသည်တွေက ပြောပါတယ်။

မေယုစျေးသည်တဦးက “ဒီယာယီဈေးမှာ လျှပ်စစ်မီးမရှိတော့ အတွင်းပိုင်းမှာ ဘာမှမမြင်ရဘူး။ ဒါကြောင့် ဆိုင်ကိုပိတ်ထားရတယ်။ အပြင်က ဆိုင်တွေလည်း မိုးရာသီမှာဆို မိုးယိုတာနဲ့ မြေပြင်မှာချရောင်းရတာဆိုတော့ အထည်တွေ မိုးစိုပြီး ပျက်စီးသွားတာတွေရှိတယ်” လို့ ပြောပါတယ်။

မေယုစျေးသစ်ကြီးအား Western Shining Star Public ကုမ္ပဏီလီမိတက်က မြေဧရိယာ ၄.၀၄ ဧကပေါ်မှာ ဆိုင်ခန်းစုစုပေါင်း ၂၆၈ ခန်း၊ ပင်မအဆောက်အဦဘေးမှာ လူနေဆိုင်ခန်း ၈၀ ကျော်တည်ဆောက်ပြီး ဆိုင်ခန်းတွေကို ကုမ္ပဏီ ကာလပေါက်စျေးအတိုင်း ရောင်းချနေတယ်လို့ ဆိုပါတယ်။

မြေညီထပ်မှဆိုင်ခန်း ၁၄၄ ခန်းအား ယခင်မေယုဈေးဟောင်း နေရာက ဆိုင်ခန်းပိုင်ရှင်တွေကို အခမဲ့ပေးအပ်သွားရမယ်ဆိုပြီး ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတာလို့ သိရပါတယ်။

အဆင့်မြင့်မေယုစျေးသစ်မှာ အဝတ်အထည်၊ လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကို အဓိကထားရောင်းချသွားမှာဖြစ်ပြီး ကလေးကစားကွင်း၊ ခန်းမ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံနဲ့ လူထုအပန်းဖြေစရာ နေရာတွေ ပါဝင်မှာဖြစ်သလို ဈေးသစ်တည်ဆောက်ရေးစီမံကိန်းအား ၂ နှစ်အတွင်းအပြီး တည်ဆောက်မှာဖြစ်ပြီး အဆောက်အဦ ထိန်းသိမ်းရေးအတွက် ကုမ္ပဏီက နှစ် ၃၀ တာဝန်ယူမယ်ဆိုပြီး စျေးတာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013