DVB Logo
Home
မြန်မာသတင်း
သြစတြေးလျ MHAid က မြန်မာနိုင်ငံကို ၇ လအတွင်း ကျပ်သိန်း ၁၇၀၀ ကျော် လှူဒါန်းထား
DVB
·
April 3, 2022
သြစတြေးလျ MHAid က မြန်မာနိုင်ငံကို  ၇ လအတွင်း ကျပ်သိန်း ၁၇၀၀ ကျော် လှူဒါန်းထား
1 / 6
Donate to DVB

မြန်မာပြည်တွင်းက လိုအပ်တဲ့ နေရာတွေကို လှူဒါန်းထောက်ပံ့ပေးနေတဲ့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က  Myanmar Humanitarian Aid အဖွဲ့ရဲ့ လူသားချင်းကူညီပံ့ပိုးမှုသက်တမ်း ၇ လရှိပြီလို့ အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။ 

၂၀၂၁ မှာ  သိန်းပေါင်း ၁,၁၅၅ ကျော် နဲ့ ၂၀၂၂ ဇန်နဝါရီလကနေ မတ်လအထိ သိန်းပေါင်း ၅၅၀ ကျော် လှူဒါန်းခဲ့တာကြောင့် ၇ လအတွင်း မြန်မာနိုင်ငံအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၇၀၀ ကျော် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ 

MHAid ကို လစဉ်လှူဒါန်းသူတွေ၊ ရံဖန်ရံခါ လှူဒါန်းသူတွေနဲ့အတူ အစစအရာရာ ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပြီး အလှူရှင်အသစ်တွေကိုလည်း ဖိတ်‌ခေါ်ထားပါတယ်။ 

MHAid ဟာ တိုင်းရင်းသားရိုးရာအစားအသောက်တွေနဲ့ လက်မှုပစ္စည်းတွေကို ရောင်းချပြီး ရန်ပုံငွေစျေးရောင်းပွဲတွေ မကြာခဏကျင်းပကာ အလှူငွေရှာဖွေပြီး လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013