DVB Logo
Home
မြန်မာသတင်း
NAC ဂေဟာက ရောဂါသည်များ ဆေးဝါးနှင့် အစားအစာ အခက်အခဲဖြစ်နေ
DVB
·
April 3, 2022
NAC ဂေဟာက ရောဂါသည်များ ဆေးဝါးနှင့် အစားအစာ အခက်အခဲဖြစ်နေ
Donate to DVB

HIV/AIDS ဝေဒနာရှင်တွေနဲ့ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NAC Nurture Aid Care  ဂေဟာက တာဝန်ခံ ကိုရာဇာ အဖမ်းခံရပြီးနောက်မှာ ဂေဟာမှာ ရောဂါသည်ကလေးတွေ ဆေးဝါးနဲ့ အစားအစာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီဂေဟာက အလှူရှင်ကို မှီခိုရပ်တည်နေရတာဖြစ်ပြီး လစဉ်အလှူရှင် နည်းပါးကာ လက်ရှိမှာ ရောဂါသည်တွေအချင်းချင်းပဲ ပြန်ပြီးကူညီဆောင်ရွက်ပေးနေရတယ်လို့ ဆိုပါတယ်။

စခန်းမှာ လက်ရှိ တာဝန်ယူဆောင်ရွက်ပေးနေသူတဦးက “အခက်အခဲတွေရှိနေပါတယ်။ ကလေးတွေဆိုလည်း အခုရက်ပိုင်းမှာ ဆေးချိန်းလိုက်ရတဲ့ ကလေးတွေရှိတယ်။ အသစ်ရောက်တဲ့ကလေးတွေဆိုလည်း ကျန်းမာရေး ဆိုးဆိုးရွားရွား ရှိနေတယ်” လို့ ပြောပါတယ်။

NAC Nurture Aid Care  ဂေဟာမှာ ကလေး လူကြီးအားလုံးပေါင်း ၁၅၅ ယောက်ရှိပြီး ကလေး ၆၀ ကျော်နဲ့ လူကြီး ၆၀ ကျော်က  HIV ဝေဒနာသည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြားထဲမှာ စားစရာဆန်မရှိတော့ဘူး၊ ပိုက်ဆံလည်းမရှိတော့ဘူး၊ အဲ့လောက်ထိကို ဖြစ်သွားခဲ့တာ။ အဲ့တုန်းက ကိုရာဇာရှိသေးတော့ သူနဲ့ သိတဲ့မိတ်ဆွေတွေဆီကနေ အကူအညီ တောင်းပြီးရပ်တည်ခဲ့ရတာ၊ လည်ပတ်ခဲ့တာပေါ့နော်။ အခုကိုရာဇာမရှိတော့ အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အလှူရှင် ရှာပေးမယ့်သူလည်းမရှိတော့ဘူး” လို့ သူကဆက်ပြောပါတယ်။

HIV AIDS ဝေဒနာရှင်တွေနဲ့ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NAC Nurture Aid Care  ဂေဟာ တာဝန်ခံ  ကိုရာဇာကို မတ် ၂ ရက်နေ့က အရှေ့ဒဂုံပိုင် စခန်းတာဝန်ရှိသူတွေက မေးစရာရှိလို့ဆိုပြီး အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဒီဂေဟာက CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း စတင်တည်ထောင်ထားတာဖြစ်ပြီး ဂေဟာက လိုအပ်ချက်မှန်သမျှကို ကိုရာဇာကပဲ လုပ်ကိုင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ကိုရာဇာကို ဧပြီ ၁ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ရမန်ယူပြီး အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀ ညနဲ့ တရားစွဲထားပါတယ်။

ကိုရာဇာဟာ ဂေဟာကနေ အလှူငွေတွေကောက်ခံပြီး ရတဲ့ငွေတွေကို NUG နဲ့ PDF အဖွဲ့အစည်းတွေကို လှူဒါန်းတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခဲ့တာလို့  တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013