DVB Logo
Home
မြန်မာသတင်း
၈၈ စိတ်ဓာတ်နဲ့ ဖွဲ့စည်းပုံပြင်ဖို့လုပ်
DVB
·
March 2, 2014
၈၈ စိတ်ဓာတ်နဲ့ ဖွဲ့စည်းပုံပြင်ဖို့လုပ်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ဥပဒေဘောင်ထဲက လုပ်ဆောင်ကြပါလို့ သမ္မတဦးသိန်းစိန်က ရေဒီယို မိန့်ခွန်း ပြောကြားတဲ့နေ့မှာပဲ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဒ်မ ၄၃၆ ပြင်ဖို့ ၈၈ စိတ်ဓာတ်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်သွားတော့မယ်လို့ မတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

88 stat၈၈ မျိုးဆက်တွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို မျက်ခြေမပြတ်စေဘဲ ဖွဲ့စည်းပုံပြင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကိုဂျင်မီက ပြောပါတယ်။

“တရားဥပဒေ စိုးမိုးရေးကို မျက်ခြေမပြတ်စေ ဖို့လိုတယ်ဆိုတာက ကျနော်တို့ရဲ့ မူရင်း သဘောထားပဲ။ ကျနော်တို့ကတော့ တရားမျှဖို့ နည်းလမ်းတွေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ကျနော်တို့က ဥပဒေပြင်နိုင်ဖို့ ကြိုးစားသွားမယ်။ ပြင်ရမှာက ကျနော်တို့ အမြဲတမ်းပြောပါတယ်၊ လွှတ်တော်က ပြင်ရမှာဗျ။ လွှတ်တော်က ပြင်ဖို့ ကိစ္စမှာ လွှတ်တော် တခုတည်းနဲ့ မလုံလောက်တဲ့ အတွက် ပြည်သူလူထုတဦးချင်းရဲ့ ဆန္ဒသဘောထားတွေကို လွှတ်တော်က နားထောင်လာ အောင် ကျနော်တို့က လုပ်နေတာ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီနေ့ ပြောနေတဲ့ လွှတ်တော်အသံ ပြည်သူ့အသံ၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ အဲဒီ ကိစ္စတွေဟာ တကယ် ဟုတ် မဟုတ်ဆိုတာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ကျနော်တို့ တွေ့ကြရမှာပဲလေ။ အဲဒီတော့ သမ္မတပြောတဲ့ ကိစ္စကတော့ ကျနော်တို့ အထွေအထူး အသစ်တခုလည်း မဟုတ်ပါဘူး။ နဂိုကတည်းက ကျနော်တို့က အမျိုးသား ပြည်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးအပေါ်မှာ အခြေခံပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်နိုင်ဖို့ကို ကြိုးစားနေတာပဲ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ် ၄၃၆ ကို အရင်ဆုံးပြင်ဖို့ ပူးပေါင်း လုပ်ဆောင်ကြမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်တို့ ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

အဲ့ဒီလို ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ အနှောင့်အယှက်ပေးတဲ့အသံတွေ ကြားလာရ ပေမယ့် အဖွဲ့ချုပ်အနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“အနှောက်အယှက်ပေးတဲ့ အသံတွေ ကျနော်တို့ ကြားလာရတယ်။ ဒါပေမယ်လို့ အဲဒီ ကျောထောက်နောက်ခံကို တိတိကျကျ မပြောနိုင်သေးဘူး။ သို့သော် ဒီလို မပြင်ချင်တဲ့ ရည်ရွယ်ချက်ရှိတဲ့ အုပ်စုရှိတယ်ဆိုတာကို ကျနော်တို့ နားလည်ရတာပေါ့။ သို့သော် ဒါတွေ ရှိတာက သဘာဝလည်း ကျပါတယ်။ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်သွားကြမှာပါ။”

၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီကို ၈၈ အနေနဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ လုပ်ဆောင်ရာမှာ ပေါ်ပေါက်လာမယ့် စိန်ခေါ်ချက်တွေကို ၈၈ စိတ်ဓာတ်နဲ့ ရင်ဆိုင်ကျော်လွှား သွားမယ် ဆိုတာကြောင့် ၈၈ စိတ်ဓာတ်ဆိုတာ ဘာလဲလို့ မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

“၈၈ စိတ်ဓာတ်ဆိုတာ ပြည်သူလူထု အားလုံးရဲ့ ညီညွှတ်မှုပဲဗျ။ ပြည်သူလူထု အားလုံးရဲ့ ညီညွှတ်မနဲ့ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲကြီး ဖြစ်လာခဲ့တာ။ အဲဒါကြောင့် ၈၈ စိတ်ဓာတ်ဆိုတာက ပြည်သူလူထု အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့မှ ညီညီညွှတ်ညွှတ်နဲ့ တွန်းမယ်ဆိုရင် ရွေ့နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဗျ။”

အခုရက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဖို့ ရန်ကုန်နဲ့ ပဲခူးတိုင်းထဲ ပြည်သူတွေ လမ်းပေါ်တက် ဆန္ဒပြနေတာတွေ ဆက်တိုက် ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013