
သန်းခေါင်စာရင်းကောက်တဲ့အခါ မေးမြန်းမယ့် မေးခွန်းတိုင်းအပေါ်သံသယစိတ်၊ စိုးရိမ် ကြောင့်ကြစိတ် မထားဘဲ နောင်အနာဂတ်မျိုးဆက်သစ်များ အကျိုးအတွက် အမှန်အတိုင်း ဖြေကြားကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
[caption id="attachment_52552" align="alignright" width="300"]
၂၀၁၄ ခု ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် တက်ရောက် ဟောပြော[/caption]မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သန်းခေါင်စာရင်းကောက်ယူမယ့် အထိမ်းအမှတ် အခမ်းအနားမှာ သမ္မတက အခုလို ပြောကြားလိုက်တာဖြစ်ပြီး တိုင်းရင်းသားတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
သန်းခေါင်စာရင်းကော်ယူဖို့ တလပဲ လိုတော့တဲ့အချိန်မှာ အခုလို အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခဲ့တာဖြစ်ပြီး အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့က ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။











