DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်မေးပွဲဖြေဆိုသူများကို သစ္စာဖောက်လောက်ကောင်များဟု ရတနာပုံတက္ကသိုလ် ယာယီကောင်စီထုတ်ပြန်
DVB
·
April 2, 2022
တက္ကသိုလ်ဝင်မေးပွဲဖြေဆိုသူများကို သစ္စာဖောက်လောက်ကောင်များဟု ရတနာပုံတက္ကသိုလ် ယာယီကောင်စီထုတ်ပြန်
Donate to DVB

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသူတွေကို သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့် လက်ခံသွားမှာ မဟုတ်ဘူးလို့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက ဧပြီ ၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြသူတွေ၊ အကျဉ်းကျနေသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ မြေပေါ်မြေအောက် တော်လှန်နေကြသူတွေကို ငဲ့ကွက်ပြီး အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းသင်တန်းတွေ၊ စာမေးပွဲတွေကို သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားခဲ့ပြီးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ် ဆက်ထားကြတဲ့ ယာယီတက္ကသိုလ်ကောင်စီတွေ၊ ပညာရေးဘုတ်အဖွဲ့တွေကတောင် အတန်းတင်ပညာရေးကို လက်မခံကြောင်း ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တနိုင်ငံလုံးရဲ့ တော်လှန်ရေးဖြစ်ရပ်တွေကို မျက်ကွယ်ပြုပြီး မိမိအကျိုးစီးပွားအတွက် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်တဲ့ အတန်းတွေ တက်ရောက်တာ၊ စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတာတွေကို တွေ့ရှိနေရတာကြောင့် အဲဒီလို တော်လှန်ရေးကို မျက်ကွယ်ပြုပြီး စစ်အုပ်စုထောက်တိုင်တွေအဖြစ် ပါဝင်ကြတဲ့ ဘယ်သူ့ကိုမဆို ရတနာပုံတက္ကသိုလ်က ရှုံ့ချတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ကလည်း ဇိုမီးဖက်ဒရယ်အစည်းအရုံးက စစ်ကောင်စီအကြမ်းဖက်အဖွဲ့က စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူတွေအနေနဲ့ ရှေ့လာမယ့်အခွင့်အရေးတွေ  ဆုံးရှုံးမှုမရှိစေဖို့ စာမေးပွဲဖြေဆိုတာတွေကို ချက်ချင်း ရပ်နားဖို့  သတိပေးထားတာ တွေ့ရပါတယ်။

ဒီစာမေးပွဲဖြေဆိုခြင်းဟာ ပညာရေးကို ဦးတည်ဆောင်ရွက်တာမဟုတ်ဘဲ စစ်အာဏာရှင်က သူတို့အာဏာတည်ရှိကြောင်း လိမ်လည်ပြသဖို့အတွက်သာ ဖြစ်တာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားတဲ့အတိုင်း ဒီစာမေးပွဲဖြေဆိုမှုကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ၁၀ တန်းစာမေးပွဲကာလဟာ မတ် ၃၁ ရက်ကနေ လာမယ့်ဧပြီ ၉ ရက်နေ့အထိဖြစ်ပြီး အခုနှစ် စာမေးပွဲကို လာရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ အရေအတွက်ကတော့ အရင်နှစ်တွေနဲ့ယှဉ်ရင် သုံးပုံတပုံလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်း ၃၂ မြို့နယ်ရှိ စာစစ်ဌာန ၁,၂၅၆ ဌာနမှာ တက္ကသိုလ်ဝင်တန်း ကျောင်းတွင်း ဖြေဆိုသူ ၂၀၀,၇၆၈ ယောက်၊ အလွတ်ဖြေ ၁၁၁,၅၃၁ စုစုပေါင်း ၃၁၂,၂၉၉ ယောက် ဖြေဆိုဖို့ စာရင်းသွင်းပေမဲ့ ပြီးခဲ့တဲ့ ၂ ရက်က လာရောက်ဖြေဆိုသူ ၂၈၀,၀၀၀ ကျော်သာရှိပါတယ် ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013