DVB Logo
Home
မြန်မာသတင်း
ထွန်တုံးတိုက်ပွဲဆင်နွှဲတဲ့ လယ်သမား ၄ ဦး တရားစွဲဆိုခံရ
DVB
·
March 2, 2014
ထွန်တုံးတိုက်ပွဲဆင်နွှဲတဲ့ လယ်သမား ၄ ဦး တရားစွဲဆိုခံရ
1 / 2
Donate to DVB

မတ္တရာမြို့နယ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေတဲ့ တောင်သူလယ်သမား ၄ ဦးကို ကျူးကျော် ၀င်ရောက်ထွန်ယက်မှုနဲ့ တရားစွဲလိုက်ပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ကျောက်စရစ်မြောက်ကျေးရွာမှာ တောင်သူလယ်သမား ၁၀၀ ကျော်ဟာ နွား ၁၅ ရှင်းနဲ့ မတ်လ ၁ ရက်နေ့က စတင် ထွန်တုံးတိုက်ပွဲဝင်ခဲ့ပြီး တောင်သူလယ်သမားနေ့မှာလည်း ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

Matayar farmerသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေပေါ်မှာ ၀င်ရောက်ထွန်ယက် စိုက်ပျိုးခဲ့တာကြောင့် ပုဒ်မ ၄၄၇ (အိမ်ကျော်နင်းမှု)နဲ့ ပုဒ်မ ၄၂၇ (သူတပါး အကျိုးစီးပွား ဖျက်ဆီးမှု)တွေနဲ့ တရားစွဲဆို ထားတာပါ။

မနေ့က ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့တာကြောင့် ယနေ့နံနက်မှာ ရဲစခန်းက တောင်သူလယ်သမား ၄ ဦးကို တရားစွဲဆို ထားကြောင်းလာရောက် ပြောဆိုခဲ့တယ်လို့ တရားစွဲဆိုခံထားရတဲ့ လယ်သမား ကိုရဲရင့်အောင်က ပြောပါတယ်။

“အခုအချိန်ထိတော့ တားဆီးတာ မရှိသေးဘူး။ ဒါပေမယ့် ဒီမနက်မှာတော့ မနေ့ကနဲ့ ပတ်သက်ပြီးတော့ ကျနော်ရယ်၊ ဦးနေ၀င်းရယ်၊ ဦးဇော်ဝင်းရယ်၊ ကိုကိုအောင်ရယ်ကို တရားစွဲထားတယ်လို့တော့ သိရတယ်ခင်ဗျ။ ဒီမနက် နယ်ထိန်းက လာပြောထားတယ်။ တံငါကျောက်ဆစ်တောင် နယ်ထိန်း ကိုသိန်းထိုက်က လာပြောထားတယ်။ ၄၄၇ ရယ် ၄၂၇ ရယ် ဆိုပြီးတော့ ပုဒ်မတွေ ပြထားတယ်။ သူတို့က ရဲကြေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ခိုင်းတယ်ဆိုတဲ့ ပုံစံမျိုးပြောပြီးတော့ အဲဒီ ၄ ယောက်ကိုတော့ မနေ့က တရားစွဲထားတယ်ဆိုပြီး လာပဲပြောတယ်။ ဆင့်ခေါ်တာတော့ မရှိသေးဘူး။”

သိမ်းဆည်းခံလယ်ယာမြေ ပြန်ရရှိရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဆင်ဆင့်ကို စာတင်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိတဲ့၏အတွက် ဘိုးဘွားပိုင်မြေမှာ ထွန်ယက်စိုက်ပျိုး တာလို့ လယ်သမား ဦးနေ၀င်း က ပြောပါတယ်။

“တောင်းဆိုချက်ကတော့ ကျနော်တို့ မြေ ပြန်ရရေးပေါ့။ ကျနော်တို့မြေကို ပြန်ချပေးဖို့ပေါ့။ ဒါပေမယ့် အခုကတော့ ကျနော့်မြေကို ရဖို့ အဆက်ဆက်လည်း တင်ခဲ့တယ်။ ၂၈ နှစ်လည်း ရှိခဲ့ပြီ။ တင်စရာရှိတာလည်း တင်ပြီးပြီ။ သူတို့ပြောတဲ့ ကော်မတီတွေကလည်း စစ်ဆေးပြီးပြီ။ အဲဒါကို အကြောင်းပြန်ကြားခြင်း မရှိတာနဲ့ ကျနော်တို့က စထွန်တာ။”

၁၉၈၆ ခုနှစ်ကတည်းက သမ၀ါယမ၀န်ကြီးဌာနက တံငါမြောက်ကျေးရွာ၊ တံငါတောင်ကျေးရွာ၊ ကျောက်စရစ်မြောက်ကျေးရွာရှိတဲ့ ကွင်းအမှတ် ၁၄၃/၁၄၄ လယ်မြေများကို တောင်သူ ၉၅ ဦးဆီက ဧက ၆၀၀ ကျော်အား သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတ၀န်းမှာ ပုဒ်မ ၄၄၇နဲ့ ပုဒ်မ ၄၂၇ တို့နဲ့ တရားစွဲဆို ခံထားရပြီး အကျဉ်းကျနေတဲ့ တောင်သူလယ်သမားတွေ ရာနဲ့ချီ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013