DVB Logo
Home
မြန်မာသတင်း
ထိုင်းသင်္ကြန် ရေမကစား၊ ပေါင်ဒါမလူးရန် ထိုင်းအစိုးရ စည်းကမ်းထုတ်ပြန်
DVB
·
April 1, 2022
ထိုင်းသင်္ကြန် ရေမကစား၊ ပေါင်ဒါမလူးရန် ထိုင်းအစိုးရ စည်းကမ်းထုတ်ပြန်
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနေ့စဉ် ၄ သောင်းခွဲလောက် ရှိနေတာကြောင့် လာမယ့်သင်္ကြန်ပွဲကို စည်းကမ်းချက်တွေနဲ့အညီ ကျင်းပဖို့ ထိုင်းအစိုးရပြန်တမ်းဌာနက မတ်လ ၃၁ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ 

အဆိုပါထုတ်ပြန်ချက်အရ လာမယ့်သင်္ကြန်ပွဲတော်ကို ခွင့်ပြုချက်ရတဲ့နေရာတွေမှာသာ ကျင်းပဖို့၊ လူ ၅၀၀ နဲ့အထက် ပါဝင်မယ့် သင်္ကြန်ပွဲကို သက်ဆိုင်ရာထံ ၅ ရက် ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်။

ပွဲတော်ကျင်းပမယ့် နေရာဟာ ကျယ်ပြန့်ပြီး လေဝင်လေထွက်ကောင်းတဲ့ ဟင်းလင်ပြင်မှာ ကျင်းပဖို့၊ ပွဲကျင်းပရေးကော်မတီအနေနဲ့ ကိုဗစ်-၁၉ ကင်းစင်မှုပေါ် တာဝန်ယူမှု တာဝန်ခံမှုနှင့်ဆောင်ရွက်ဖို့ ၊ ခွင့်ပြုချက်ရထားတဲ့ လူဦးရေပမာဏထက်မပိုအောင်ကျင်းပဖို့၊ ပွဲခင်းအဝင်အထွက် နေရာတွေမှာ အပူချိန်တိုင်းကရိယာ၊ လက်ဆေးအရက်ပျံထားရှိပြီး အမည်စာရင်းတင်သွင်းဖို့၊  ပွဲခင်းထဲလာမယ့်သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးနှံပြီးကြောင်း သက်သေအထောက်အထားပြဖို့၊ သက်ကြီးရွယ်အိုတွေ သင်္ကြန်မတိုင်ခင် တတိယအကြိမ်ကာကွယ်ဆေး (Booster Dose) ထိုးနှံဖို့၊ ပွဲခင်းထဲဝင်လာသူအားလုံး Mask တချိန်လုံးတပ်ထားပြီး တဦးနှင့်တဦး ခပ်ခွါခွါနေဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။ 

သင်္ကြန်ပွဲတော်မှာ ဘုရားရေသပ္ပာယ်တာ၊ လူကြီးသူမတွေကို ပူဇော်ကန်တော့တာ၊ စီတန်းလှည့်လည်တာ၊ အတီးအမှုတ် အကအခုန်နဲ့ ဖျော်ဖြေရေးတွေ ဒေသဆိုင်ရာ ရိုးရာဓလေ့ယဉ်ကျေးမှု အတိုင်းသာ ကျင်းပခွင့်ရှိပါတယ်။ 

တစ်ဦးနဲ့တစ်ဦး ရေကစားရာမှာ လက်နဲ့ ဖျန်းပက်ရုံသာခွင့်ပြုပြီး လမ်းမပေါ်ထွက်ပြီး ရေမကစားရ၊ ပေါင်ဒါမှုန့်များမဖြူးရမဖြန်းရ၊ ရေမြှုပ်ပါတီမလုပ်ရ၊ သင်္ကြန်ပွဲကျင်းပရာနေရာတဝိုက် အရက်နဲ့ ဘီယာမရောင်းချရ၊ မသောက်စားရ စတဲ့အချက်တွေ ပါဝင်ပါတယ်။ 

သင်္ကြန်ကာလ နေရပ်ပြန်မယ့်သူတွေ၊ ခရီးသွားလာမယ့်သူတွေအနေနဲ့  ၇၂ နာရီအတွင်း ATK  စစ်ဆေးပြီး ကိုဗစ်ကင်းစင်မှခရီးထွက်ဖို့၊ ခရီးထွက်ပြီး အိမ်ပြန်ရောက်တော့လည်း မိမိဖာသာ ကွာရန်တင်းဝင်ပြီး အခြေအနေစောင့်ကြည့်ဖို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်ကလည်း သင်္ကြန်ပွဲကို ကိုဗစ်-၁၉ ကင်းစင်စွာဆင်နွှဲနိုင်ဖို့ စည်းကမ်းသတ်မှတ်ချက်တွေကို ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေကွပ်ကဲရေး ဗဟိုကော်မတီက  ထုတ်ပြန်ခဲ့ပါသေးတယ်။

အဆိုပါအချက်ထဲမှာ ရေမကစားရဆိုတဲ့အချက်ပါ ပါဝင်တာကြောင့် ဘန်ကောက်နဲ့ ချင်းမိုင်လို မြို့တော်ကြီးတွေမှာ လာရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေ၊ ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင်လုပ်တာတွေ ၂၀ ရာနှုန်းသာရှိလို့ စည်းကမ်းချက်သုံးသပ်ပြင်ဆင်ဖို့ သက်ဆိုင်ရာခရီးသွားလုပ်ငန်းဌာနက ကိုဗစ်ဗဟိုကော်မတီကို တင်ပြခဲ့ပါတယ်။ 

ဒါပေမဲ့ မနေ့က အစိုးရထုတ်ပြန်ချက်မှာတော့ ရေကစားခွင့်မပြုဘဲ ရိုးရာဓလေ့ ထုံးစံအတိုင်းကျင်းပဖို့သာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013