DVB Logo
Home
မြန်မာသတင်း
အီတလီက မြန်မာ့ကျွန်းသစ်တင်သွင်းပြီး စစ်အုပ်စုကို ရန်ပုံငွေရအောင်ကူညီနေ
DVB
·
April 1, 2022
အီတလီက မြန်မာ့ကျွန်းသစ်တင်သွင်းပြီး စစ်အုပ်စုကို ရန်ပုံငွေရအောင်ကူညီနေ
Donate to DVB

အီတလီနိုင်ငံဟာ ဥရောပမှာ မြန်မာ့ကျွန်းသစ်ကို တင်သွင်းတဲ့ ထိပ်တန်းနိုင်ငံ ဖြစ်လာပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတောင် စစ်အုပ်စုကို ရန်ပုံငွေရအောင် ကူညီနေသလို သစ်တောပြုန်းတီးမှုကို အားပေးခဲ့တယ်လို့ အီတလီသတင်းထောက်  ရူဒီဘရက်စ်ဆာက ဖော်ထုတ်ရေးသားထားပါတယ်။

မြန်မာနိုင်ငံက သစ်ကုန်သွယ်မှုကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေတဲ့ အစိုးရမဟုတ်တဲ့ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ရဲ့ The Italian job ခေါင်းစဉ်နဲ့ အစီရင်ခံစာထဲမှာ အီတလီဟာ မြန်မာနိုင်ငံကနေ ဥရောပကို သစ်တင်သွင်းမှု စုစုပေါင်းရဲ့ ၆၆ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ၂၀၂၀ ပြည့်နှစ်မှာ ယူရို ၂၄ သန်းနီးပါး သစ်ထွက်ကုန်တွေ တင်သွင်းပုံကို ဖော်ပြထားပါတယ်။

မြောက်ဥရောပနိုင်ငံတွေက သွင်းကုန်တွေကို လျှော့ချလိုက်တာနဲ့အမျှ အီတလီရဲ့ တင်သွင်းသူ အခန်းကဏ္ဍက ကြီးထွားလာတယ်လို့ အီတလီ သစ်တင်သွင်းသူများအသင်း ဥက္ကဋ္ဌ အလက်ဇန်ဆန်ဒရိုကယ်လ်ကာတီရာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမတိုင်ခင်က ရေရှည်တည်တံ့တဲ့ သစ်ခုတ်မှုနဲ့ ကုန်သွယ်မှုကို အထောက်အကူ ဖြစ်စေနိုင်တဲ့ ဥပဒေတချို့ ရှိခဲ့ပေမဲ့ အဖွဲ့အစည်းရဲ့ စောင့်ကြည့်လေ့လာမှု မှတ်တမ်းတွေအရ ဒီဥပဒေတွေကို ဘယ်တုန်းကမှ လက်တွေ့မကျင့်သုံးခဲ့ဘူးလို့ ပြောနိုင်ကြောင်း EIA သစ်တောကဏ္ဍရဲ့ အကြီးအကဲ ဖစ်သ်ဒိုဟာတီက ပြောကြားခဲ့ပါတယ်။

စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ သစ်တောရေးရာ မူဝါဒများ ဝန်ကြီးဌာန (Mipaaf) အထွေထွေဒါရိုက်တာ Alessandra Stefani အလက်ဆန်ဒရာစတက်ဖနီကတော့ အီတလီကုမ္ပဏီတွေရဲ့ လေးပုံသုံးပုံက မြန်မာနိုင်ငံမှာ ကျွန်းသစ်တင်သွင်းတာကို ရပ်လိုက်ပေမယ့် ကံမကောင်းစွာနဲ့ဘဲ ၂၅ ရာခိုင်နှုန်းက ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ သူတို့ကလွဲလို့ တခြားသူတွေ မရှိသလောက်ကို တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

#WildEye မှ စုစည်းထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့မေလက Mipaaf မှ ဆက်သွယ်မှု ပြတ်တောက်ပြီးနောက် ပမာဏတွေ ကျဆင်းသွားပေမယ့်လည်း အီတလီဟာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ်တွေကို ဆက်တင်သွင်းနေကြောင်း ပြနေပါတယ်။

အီးယူရဲ့စာရင်းအင်းရုံး Eurostat ရဲ့ မှတ်တမ်းတွေအရ အီတလီဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ် ၁၇,၀၀၀ ကီလိုဂရမ် တင်သွင်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

နောက်တော့ အီးယူညွှန်ကြားချက်အရ မြန်မာစစ်အုပ်စုနဲ့ ချိတ်ဆက်ထားတဲ့ အစိုးရ အဖွဲ့အစည်းတွေနဲ့ ကုန်သွယ်မှုကို ထိထိရောက်ရောက် တားမြစ်ထားပြီးနောက်မှာ ၂၀၂၁ ခုနှစ် ဇွန်လကျမှ တင်သွင်းမှုတွေ လျော့ကျသွားတယ်လို့လည်း ဆိုပါတယ်။

တင်သွင်းတဲ့ပမာဏက နည်းတယ်ဆိုပေမဲ့ ကျွန်းသစ်တွေဟာ ၂၀၂၁ ခုနှစ် ဇွန်လ နောက်ပိုင်းမှာတောင် အီတလီကို ဆက်ပြီး ရောက်လာနေတုန်းပဲလို့ ဆိုပါတယ်။

"ကျွန်းသစ်ဝယ်လိုအားက မရပ်တန့်သေးပါဘူး။ သစ်တင်သွင်းဖို့ကို လက်မလွှတ်ချင်သေးဘဲ အရင်က ဝယ်ထားတာဖြစ်ကြောင်း ကြေညာထားတဲ့သူတွေ ရှိပေမယ့် တင်သွင်းတဲ့ ကုမ္ပဏီတွေဘက်က ဆောင်ရွက်ဖို့ မလွယ်တဲ့အရာ တော်တော်များများကို သူတို့အနေနဲ့ အစစ်ဆေးခံပြီး သက်သေပြရမှာပဲ" လို့ စတက်ဖနီက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013