DVB Logo
Home
မြန်မာသတင်း
မီးလောင်ဗုံးဖြင့် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု ၁၄ လပြည့် ဆန္ဒပြပွဲပြုလုပ်
DVB
·
March 1, 2014
မီးလောင်ဗုံးဖြင့် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု ၁၄ လပြည့် ဆန္ဒပြပွဲပြုလုပ်
1 / 2
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ ၁၄ လပြည့် အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ ၁၄ လပြည့် အထိမ်းအမှတ်အဖြစ် ဒေသခံတွေက ဆန္ဒပြနေကြတာပါ။

[caption id="attachment_52528" align="alignright" width="300"]လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ ၁၄ လပြည့် အဖြစ် မတ်လ ၁ ရက်နေ့ နေ့လည် ၁ နာရီမှာ ဆန္ဒပြပွဲပြုလုပ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ ၁၄ လပြည့် အဖြစ် မတ်လ ၁ ရက်နေ့ နေ့လည် ၁ နာရီမှာ ဆန္ဒပြပွဲပြုလုပ်[/caption]လက်ပံတောင်းဒေသခံများ လျော်ကြေးမယူထားတဲ့ လယ်ယာမြေပေါ်မှာ ခြံစည်းရိုးခတ်မှုတွေ ပြုလုပ်လာတာကြောင့် ၂၀၁၃ ခုနှစ်က ဆန္ဒပြ နေကြစဉ်[/caption]လက်ပံတောင်းဒေသခံများ လျော်ကြေးမယူထားတဲ့ လယ်ယာမြေပေါ်မှာ ခြံစည်းရိုးခတ်မှုတွေ ပြုလုပ်လာတာကြောင့် ၂၀၁၃ ခုနှစ်က ဆန္ဒပြ နေကြစဉ်

မတ်လ ၁ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ကစတင်ပြီး တုံဇရပ် ကနေ ညောင်ပင်ကြီး - ယင်းမာပင် ကားလမ်းအကျော် ၀မ်ပေါင် ကုမ္ပဏီ ရုံးရှေ့အထိ လက်ပံတောင်းဒေသခံ ၅၀၀ ကျော်က ချီတက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မီးလောင်ဗုံးအကြမ်းဖက် တရားခံများကို ဖော်ထုတ်ပေးရေးနဲ့ လယ်တီ သိမ်နဲ့ စေတီကို ကာကွယ်ပေးရေး စတဲ့ တောင်းဆိုချက်တွေပါဝင်တဲ့ တောင်းဆိုချက် ၁၀ ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြောင်း ဆန္ဒပြလမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့တဲ့ လက်ပံတောင်းတောင် ဒေသခံ မစန္ဒာ က အခုလို ပြောပါတယ်။

“တောင်းဆိုချက်က ၁၀ ချက်ပါရှင့်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး၊ မီးလောင်ဗုံး အကြမ်းဖက် တရားခံများကို ဖော်ထုတ် အရေးယူ ပေးရေး၊ လယ်တီသိမ်နဲ့ စေတီကို ကာကွယ်ပေးရေး၊ ဥပဒေမဲ လယ်ယာမြေသိမ်းယူမှုများ ချက်ချင်းရပ်၊ မတရားဖမ်းဆီး အမှုဖွင့်ထားသူများကို ချက်ချင်းလွှတ်၊ နိုင်ငံတော်သည် ပြည်သူ့ဘက်မှ ရပ်တည်ပေး၊ လွှတ်တော်များသည် ပြည်သူ့ဘက်မှ ရပ်တည်ပေး၊ မတရားမှု မှန်သမျှ ဆန့်ကျင်ကြ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး အရေးတော်ပုံ အောင်ရမည်။ ဥပဒေအထက်မှာ မည်သူမှ မရှိရ ဆိုတဲ့ တောင်းဆိုချက် ၁၀ ချက်ပါ ပါတယ်ရှင့်။ ကြွေးကြော်သံပေါ့။”

လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ အနေနဲ့ အစီရင်ခံစာအတိုင်း အတိအကျ လိုက်နာပေးမှသာ ဒီစီမံကိန်းက ဒေသခံပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိမယ်လို့ လက်ပံတောင်းတောင်ဒေသ အကျိုးစီးပွားကာကွယ်ရေး စောင့်ရှောက်ရေးကော်မတီက ကိုမင်းမင်းက အခုလိုပြောပါတယ်။

“လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ အနေနဲ့ အစီရင်ခံစာအတိုင်း အတိအကျ လိုက်နာပေးမှသာ ဒီစီမံကိန်းက ဒေသခံပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိမယ်ပေါ့။ တကယ်လို့ လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီက အစီရင်ခံစာအတိုင်း လုပ်ဆောင်မပေးပဲနဲ့ သူတို့ ထင်ရာ လုပ်နေမယ်ဆိုရင် ဒေသပြည်သူလူထုရဲ့ ကန့်ကွက်မှုတွေကို အမြဲတမ်း ရင်ဆိုင်နေရမယ်ဆိုတာ ပြောချင်တယ်။ အထူးသဖြင့် ပြောချင်တာက လယ်တီသိမ်နဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာထဲ မှာ မူလပုံစံမပျက် သင့်တော်တဲ့နေရာကို ရွှေ့ပြောင်းပေးရမယ်ဆိုပေမယ့် လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီက ဖြိုဖျက်ပြီး ရွှေ့ပြောင်းမယ့်အပေါ်ကို ဒေသခံပြည်သူလူထုက တော်တော်လေး အခဲမကျေ ဖြစ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီက အစီရင်ခံစာကို ချိုးဖောက် သွားလို့လည်း ဖြစ်တယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ကန့်ကွက် ဆန္ဒပြတဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့ကနေ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေ အင်းအားသုံး သုံးဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သံဃာတော် ၂၉ ပါး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013