DVB Logo
Home
နိုင်ငံတကာ
ရဟန်း ၁၃ ပါးကို တိဘက်ဗုဒ္ဓဘာသာ ပါရဂူဘွဲ့နှင့် ညီမျှသည့် ဂီရှီလာရမ်ပါဘွဲ့ ချီးမြှင့် 
DVB
·
April 6, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရဟန်း ၁၃ ပါးဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အဓိက အဆင့်မြင့် ပညာရေးဆိုင်ရာ ပါရဂူဘွဲ့နဲ့ညီမျှပြီး ဂုဏ်သိက္ခာရှိတဲ့ တိဘက်ဗုဒ္ဓဘာသာပညာရေးဘွဲ့ ဂီရှီလာရမ်ပါကို ဧပြီ ၅ ရက်မှာ ချီးမြှင့်ခံခဲ့ရပါတယ်။

ရှီကျန်းနဲ့ အိမ်နီးချင်း ယူနန်ပြည်နယ်ရှိ ဘုရားကျောင်းတွေကနေ ဆင်းသက်လာတဲ့ ရဟန်းတွေဟာ ဒေသရဲ့မြို့တော် လာဆာက အလေးစားရဆုံး ဘုန်းကြီးကျောင်းဖြစ်တဲ့ ဂျိုခန်းဘုရားကျောင်းက တရားဝင်ဆွေးနွေးပွဲနဲ့ ဆုချီးမြှင့်ပွဲတွေကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဂီရှီလာရမ်ပါဆုရှင်တွေဟာ နှစ်ပေါင်းများစွာ တင်းကျပ်တဲ့ လေ့လာမှုနဲ့ အကဲဖြတ်မှုတွေအပြီးမှာ ဒီဘွဲ့တွေကို ရခဲ့တာပါ။  

တိဘက်ဘာသာစကားမှာ “ဂီရှီ” ဟာ “ပညာတတ်” လို့ အဓိပ္ပာယ်ရပါတယ်။ “လာရမ်ပါ” ဘွဲ့ဟာ တိဘက်ဗုဒ္ဓဘာသာရဲ့ အဝါရောင်ဂိုဏ်းလို့ လူသိများတဲ့ ဂျီလပ်ကျောင်းရဲ့ ထူးခြားတဲ့ သွန်သင်ချက်တွေကို ထိန်းညှိပေးတဲ့ ဘွဲ့စနစ်ရဲ့ အဆင့်လေးဆင့်အနက် အမြင့်ဆုံး ဖြစ်ပါတယ်။

ဂီရှီဘွဲ့တွေရဲ့ ပညာရေးအစဉ်အလာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ လောက်တည်းက စတင်ခဲ့ပြီး လာရမ်ပါဘွဲ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်က တည်ထောင်ခဲ့ပါတယ်။

ရဟန်းတော်များစွာအတွက် ဂီရှီဘွဲ့ဟာ မြင့်မြတ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်ပြီး တသက်တာ ရည်မှန်းချက်တခုလည်း ဖြစ်ပါတယ်။ 

အခုနှစ်စာမေးပွဲမှာ ပထမနေရာရတဲ့ လာဆာမြို့က ဆီရာဘုန်းကြီးကျောင်းရဲ့ ဂီရှီက ဂျိုခန်ဘုရားကျောင်းရှေ့မှာ ဘွဲ့ယူရတာဟာ အလွန်အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်တခု ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းရဲ့ ရှီကျန်းဌာနခွဲက အချက်အလက်တွေအရ ၂၀၀၄ ခုနှစ်ကစပြီး တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂၁၅ ပါးဟာ ဒီဘွဲ့ကို ချီးမြှင့်ခံခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013