DVB Logo
Home
မြန်မာသတင်း
အမေရိကန် အခွန်ကင်းလွတ်ခွင့်ရဖို့ မြန်မာလုပ်ငန်းရှင်တွေ နိုင်ငံတကာစံနှုန်း ရှိဖို့လို
DVB
·
March 1, 2014
အမေရိကန် အခွန်ကင်းလွတ်ခွင့်ရဖို့ မြန်မာလုပ်ငန်းရှင်တွေ နိုင်ငံတကာစံနှုန်း ရှိဖို့လို
Donate to DVB

အမေရိကန်နိုင်ငံရဲ့ ပို့ကုန်ဆိုင်ရာ အခွန်ကင်းလွတ်ခွင့် (GSP)ရဖို့ မြန်မာပို့ကုန်လုပ်ငန်းတွေ အနေနဲ့ နိုင်ငံတကာ စီးပွားရေး ကျင့်ဝတ်စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အမေရိကန် ကုမ္ပဏီတခုက ပြောဆိုလိုက်ပါတယ်။

[caption id="attachment_52511" align="alignright" width="300"]ဆန်ဒလာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စ မာရီဒက်ဂျေ ဆန်ဒလာ ဆန်ဒလာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စ မာရီဒက်ဂျေ ဆန်ဒလာ [/caption]အမေရိကန်နိုင်ငံရဲ့ ပို့ကုန်တမျိုးခြင်းအလိုက် အခွန်ကင်းလွတ်ခွင့်(GSP)ဆိုင်ရာ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီလ ၂၈ မနက်ပိုင်းက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ် UMFCCI မှာ နယူးယောက်မြို့ အခြေစိုက် Sandler ကုန်သွယ်ရေး ကုမ္ပဏီက လာရောက်ဆွေးနွေးစဉ် ပြောကြားလိုက်တာပါ။

အဲ့ဒီဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံအခွန်ကင်းလွတ်ခွင့်တွေရဖို့ မြန်မာလုပ်ငန်းရှင်တွေက နိုင်ငံတကာ စံနှုန်းတွေရှိဖို့ လိုတယ်လို့ ဒီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မစ္စ မာရီဒက်ဂျေဆန်ဒလာ (Marideth J. Sandler)က အခုလို ပြောပါတယ်။

ဆန်ဒလာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စ မာရီဒက်ဂျေ ဆန်ဒလာ က “အိုဘားမား အစိုးရက GSP အခွင့်ရေးတွေ မြန်မာနိုင်ငံကို ပြန်ပေးဖို့ စိတ်ဝင်စားနေပါတယ်။ စိုးရိမ်မှု တချို့တွေလည်း ရှိနေတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖြည့်ဆည်းရမယ့် အရာတွေက လုပ်ငန်းတွေမှာ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခြေအနေတွေဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ အလုပ်သမားသမဂ္ဂတွေ ဥပဒေနဲ့ အညီ ဖွဲ့စည်းနိုင်ခွင့်ရှိဖို့နဲ့ ကုန်ပစ္စည်းမှုပိုင်ခွင့် ဥပဒေတွေရှိရမယ်။ ကျမအထင်ပြောရရင် အဲ့ဒါတွေရှိရင် အိုဘားမားအစိုးရက GSP ပြန်ပေးလာနိုင်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်နိုင်ငံကို ကုန်ပစ္စည်း ၁၀၄ မျိုး တင်ပို့နိုင်ခဲ့ပြီး အဲ့ဒီထဲမှာ ရေထွက်ကုန်တွေက အများဆုံးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပို့ကုန်ကနေ ဒေါ်လာသန်း ၃၀ ကျော်လောက် ရရှိခဲ့တဲ့အတွက် ပို့ကုန်တမျိုးခြင်းအလိုက် အခွန်ကင်းလွတ်ခွင့်(GSP) ၅.၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၇သန်းကျော် မြန်မာပို့ကုန်လုပ်ငန်းရှင်တွေ အကျိုးခံစာခွင့် ရရှိခဲ့တယ်လို့ Sandler ကုန်သွယ်ရေးကုမ္ပဏီ ဖော်ပြခဲ့ပါတယ်။

အမေရိကန်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ၂၀၀၃ ခုနှစ်ကစပြီး စီးပွားရေးဒဏ်ခတ် တင်ပိတ်ဆို့ခဲ့တဲ့အတွက် ကုန်သွယ်မှု နည်းပါးခဲ့ရပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျော့ပေးခဲ့ပြီး အခွန်အထူးသက်သာခွင့် (ဂျီအက်စ်ပီ) ပြန်ပေးနေပေမယ့် မြန်မာ့ပို့ကုန်တွေအတွက် သိသိသာသာ သက်သာခွင့် မရသေးဘဲဖြစ်နေတာပါ။

မြန်မာနိုင်ငံက အမေရိကန်ဈေးကွက်ကို အ၀တ်အထည်နဲ့ ရေထွက်ပစ္စည်းလောက်သာ လက်ရှိ တင်ပို့နိုင်လို့ အခွန်သက်သာခွင့် အကျိုးခံစားရမှု အထိုက်အလျောက်ရှိနေပါတယ်။

အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာကို အခွန်အထူးသက်သာခွင့်ကို ရုပ်သိမ်းထားရာကနေ အစိုးရသစ်လက်ထက်မှာ ပြန်လည်ပေးအပ်ထားပါတယ်။
အပြည့်အစုံနားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013