DVB Logo
Home
မြန်မာသတင်း
ချင်းမျိုးနွယ်စုကနေ ပယ်ဖျက်ပေးရန် နာဂလူမျိုးများ တောင်းဆို
DVB
·
February 28, 2014
ချင်းမျိုးနွယ်စုကနေ ပယ်ဖျက်ပေးရန် နာဂလူမျိုးများ တောင်းဆို
Donate to DVB

နာဂလူမျိုးဟာ သီးခြားလူမျိုးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သီးခြားမျိုးနွယ် အဖြစ်သတ်မှတ် ထုတ်ပြန်ပေးဖို့နဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာ နာဂလူမျိုးကို ချင်မျိုးနွယ်စုထဲ ထည့်သွင်း ထားတာကနေ ပယ်ဖျက်ပေးဖို့ နာဂလူမျိုးတွေက တောင်းဆိုလိုက်ပါတယ်။

Narga“ကျနော်တို့ သမိုင်းအစဉ်အဆက်အရ နာဂ လူမျိုးဟာ သူ့ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေနဲ့ ရှိလာခဲ့တဲ့ လူမျိုးဖြစ်တဲ့ အားလျော်စွာ ကျနော်တို့က သန်းခေါင်စာရင်းကောက်ခံမှုမှာ အစိုးရက အသုံးပြုမယ့် ကုတ်စနစ်ကို ပြန်ကြည့်တဲ့အခါမှာ သူက ချင်းမျိုးနွယ်စုအောက်မှာ ထည့်သွင်း ကောက်ခံသွားမှာ ကျနော် မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နာဂ လူမျိုးဟာ သီးခြားမျိုးနွယ်စု ဖြစ်တဲ့ အားလျော်စွာ သီးခြား မျိုးနွယ်စုအနေနဲ့ အစိုးရက ထုတ်ပြန်ပေးဖို့ရယ်။ နောက်တချက်က ကုတ်စနစ်ကို အခြေခံပြီး ကောက်ခံမယ့် သန်းခေါင်စာရင်းထဲမှာ နာဂကို စာရင်းထဲမှာ ထည့်သွင်းကောက်ခံမယ့် အရာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေခြင်း ဖြစ်တယ်။”


နာဂလူမျိုးဟာ သီခြားလူမျိုးတမျိုးဖြစ်ပြီး မျိုးနွယ်စုကြီး ၇ မျိုးနဲ့ မျိုးနွယ်စုငယ် ၁၀၀ ကျော်ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ဒီမျိုးနွယ်စုတွေကို လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းထားခြင်းမရှိဘဲ နာဂမျိုးနွယ်စုထဲက တန်ကွန်နဲ့ သူ့ရဲ့ အောက်မှာရှိတဲ့ မရိင်နဲ့ အနန်တဲ့ မျိုးနွယ်စုတွေကို ချင်းလူမျိုးအောက်မှာ သီးခြားကုတ် နံပါတ်နဲ့ ဖော်ပြခံထားရတယ်လို့ ဦးနော်အောင်ဆန်းက ပြောပါတယ်။

“နာဂမှာ မျိုးနွယ်စုအငယ် ၁၀၀ ကျော်ရှိပါတယ်။ သို့သော်လည်းပဲ အဓိက အုပ်စုကြီးအနေနဲ့ ၇ မျိုးရှိပါတယ်။ အခု ဒီ ၇ မျိုးက လက်ရှိ ကောက်ခံမယ့် စာရင်းထဲမှာ မပါဝင်ပါဘူး။ အဲဒီမှာ နာဂ မျိုးနွယ်စုကြီးဖြစ်တဲ့ တန်ကွန် လို့ခေါ်တဲ့ မျိုးနွယ်စုကိုတော့ ထည့်သွားထားတာ တွေ့ရတယ်။ တန်ကွန်ရဲ့ အောက်မှာ ရှိတဲ့ မလင်နဲ့ အနန် ဆိုတဲ့ မျိုးနွယ်စုတွေကို နာဂ ရဲ့ မျိုးနွယ်စုက ခွဲထွက်ပြီးတော့ သီးသန့် ကုဒ်နံပတ်တွေ ပြန်ဖော်ပြထားတယ်။ ဒီလို ဖော်ပြတဲ့အခါမှာ အပိုင်း ၂ ပိုင်း ရှိတယ်။ နံပတ် ၁ က နာဂ ကို ချင်းထဲမှာ ထည့်ထားတဲ့အပြင် နာဂ အောက်ထဲမှာ ရှိတဲ့ မျိုးနွယ်စုတွေကိုပါ ထပ်ပြီးတော့ ချင်းမျိုးနွယ်စုထဲမှာ ပြန်ပြီး ထည့်သွင်းဖော်ပြခြင်းကို ခံထားရပါတယ်။ ဘယ်လိုမျိုးတောင်းဆိုချင်လဲဆိုတော့ သန်းခေါင်စာရင်းကောက်ယူပြီးတဲ့ နောက်ပိုင်းမှာ ကုဒ်စနစ်ကို အခြေမခံပဲနဲ့ နာဂဟာ သီးခြားလူမျိုးဖြစ်တယ်ဆိုတာ နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ သီးခြားမျိုးနွယ်အနေနဲ့ ဖော်ပြပေးဖို့ ဖြစ်ပါတယ်။”

နာဂလူမျိုးဟာ ချင်းမျိုးနွယ်စုမဟုတ်ဘူးလို့ ပြောဆိုတဲ့အပေါ် ချင်းလူမျိုးရဲ့သဘောထားကို မေးမြန်းရာမှာတော့ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီရဲ့ ညှိနှိုင်းရေးမှူး ဆလိုင်း အိုက်ဇက်ခင်က အခုလို ဖြေပါတယ်။

“ပထ၀ီအနေအထားရသော်လည်းကောင်း၊ ကျနော်တို့ရဲ့ ကိုးကွယ် ယုံကြည်မှုအရသော် လည်းကောင်း၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ နေပုံထိုင်ပုံ ယဉ်ကျေးမှု နောက်ခံ အရသော် လည်းကောင်း တော်တော်လေးနီးစပ်တဲ့အခါကျတော့ တချို့က ချင်းနဲ့ နာဂ အတူတူပဲလို့ ထင်ကြတာတွေ ရှိတယ်။ အရင်တုန်းက တောက်လျှောက် ချင်းနဲ့ နာဂ ပေါင်းထားတဲ့ အတွက်ကြောင့်မို့လို့ ချင်းနဲ့ နာဂ က တူတယ်လို့ ထင်မြင်ယူဆတဲ့ အနေအထား ရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့ ယနေ့ ခေါင်းဆောင်ပိုင်းအနေနဲ့ကတော့ နာဂသည် နာဂပဲ ချင်းက ချင်းပဲလို့ အဲဒီလို လက်ခံထားပါတယ်။ အဲဒီလို လက်ခံထားတဲ့အတွက်ကြောင့်မို့လို့လည်း နိုင်ငံတော် သမ္မတကြီးဆီကို သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး တင်ပြတဲ့စာထဲမှာလည်း နာဂဟာ ချင်းမျိုးနွယ်စု မဟုတ်ဘူးဆိုတာကို ဖော်ပြထားပြီးသား ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူအပြီးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရ ဗဟိုသန်းခေါင်စာရင်းကော်မတီနဲ့ တိုင်းရင်း သားတွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေး သဘောတူညီမှု ရခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ထုတ်ပြန်တဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီရဲ့ကြေညာ ချက်မှာတော့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်ဟာ အမှန်လို့ တရားသေ ဆုပ်ကိုင် ထားခြင်း မဟုတ်ဘဲ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းစဉ် အပြီးမှာ တိုင်းရင်းသားတွေရဲ့ အကြံပြုချက်တွေကိုယူပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013