DVB Logo
Home
မြန်မာသတင်း
လှာကာဈေးတန်း ဖျက်ရန် စစ်တပ်က ညွှန်ကြား
DVB
·
February 28, 2014
လှာကာဈေးတန်း ဖျက်ရန်  စစ်တပ်က ညွှန်ကြား
Donate to DVB

နိုင်ငံတ၀ှမ်း စစ်တပ်က သိမ်းဆည်းထားတဲ့ မြေယာတွေကို ပြန်ပေးဖို့ လွှတ်တော်က တောင်းဆိုထားချိန်မှာပဲ ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးရွာအနီးက လှာကာ ကျေးရွာ၊ လှာကာဈေးတန်းကို လာမယ့် မတ် ၁၄ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ဖယ်ရှားပေးဖို့ တပ်မ ၉၁၅ ကနေပြီး ညွန်ကြားစာ ထုတ်ပြန်ထားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

Military Landလှာကာ ဈေးတန်းဟာ ဘားအံ - ရန်ကုန်ကားလှမ်းဘေးမှာ ရှိတဲ့ ဈေးတန်းလေးတခု ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၆ နှစ်ကတည်းက စတင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒါကို အမှတ် ၉၁၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ပိုင်မြေဖြစ်တဲ့အတွက် ဒီနေရာကနေ ဖယ်ရှားဖို့ ညွှန်ထားလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အဲဒီမှာ အမှတ် ၉၁၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း တပ်ပိုင်မြေ လှာကာ မြေနေရာလေးကို ခြံစည်းရိုးကွန်ကရစ်တိုင် ကာရံတော့မယ်ဆိုပြီးတော့ ၄င်းတပ်မြေနေရာ လှာကာ မြေနေရာမှာ အဆောက်အဦ ၄၆ လုံး၊ လူဦးရေ ၁၆၆ ဦးကို လူကြီးမင်းတို့ရဲ့ ကျူးကျော် အဆောက်အဦများအပါအ၀င် ဆက်စပ်ပစ္စည်းများအားလုံးကို ဒီစာ လက်ခံရရှိတဲ့ နေ့မှ စပြီး ၁ လအတွင်း ၁၄ ရက် မတ်လ ၂၀၁၄ နောက်ဆုံးထားပြီးတော့ ရွှေ့ပြောင်းပေးနိုင်ရန် အကြောင်းကြား အပ်ပါသည်။ လူကြီးမင်းတို့ရဲ့ ကျူးကျော်နေထိုင်လျှက်ရှိသော တပ်ပိုင်မြေ လှာကာအကွက်အတွင်းရှိ မြေနေရာနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား တစုံတရာ ရှိပါက အမှတ် ၉၁၅ စစ်မြေပြင် အင်ဂျင်နေရာ တပ်ရင်းသို့ တင်ပြလျှောက်ထားနိုင်ကြောင်းဆိုပြီးတော့ ဖြည့်စွက် အကြောင်းကြားတာလည်း ပါတယ်။”

ဒေသခံတွေအနေနဲ့ လက်ရှိမှာတော့ အစားထိုးမြေနေရာလည်း ပြန်မပေးတဲ့အတွက် ပြောင်းရွှေ့ဖို့ အခက်အခဲဖြစ်နေကြတယ်လို့လည်း အဲဒီဒေသခံကပဲ ပြောပါတယ်။

“ပထမဆုံး စပြီး တွေ့ရမယ့်အခက်အခဲကတော့ သွားစရာ နေစရာ ပေါ့နော်၊ ဒုတိယ အခက်အခဲကတော့ နေရာသစ်မှာ ရောက်တဲ့အခါ လုပ်ကိုင်စားသောက်ဖို့ လုပ်ငန်းပေါ့။ အဲဒီ အခက်အခဲ ၂ ခု ပထမဆုံး စ စိန်ခေါ်မှာပဲ။ ကျနော်တို့ ရွှေ့ရ ပြောင်းရမယ်ဆိုရင် ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ အသနားခံကြည့်ဖို့ပဲပေါ့တဲ့။”

ဒီဈေးတန်းမှာ ဈေးရောင်းချတာအပြင် ဈေးသည်တွေရဲ မိသားစုတွေလည်း နေထိုင်နေကြတာ ဖြစ်ပြီး ပြောင်းရွှေ့ရမယ့်အိမ်ထောင်စုပေါင်း ၆၄ စုမှာ ကျောင်းသူနဲ့ ကျောင်းသား ၅၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ လှာကားဈေးတန်းမှာ နေထိုင်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က မြိုင်ကလေး ဘိလပ်မြေစက်ရုံလို့ လူသိများတဲ့ တန် ၉၀၀ ဘိလပ်မြေစက်ရုံ တည်ဆောက်တုန်းက ပြောင်းရွှေ့ခံရသူတွေဖြစ်ပြီး ပြောင်းရွှေ့စဉ်က ၂၀၃ တပ်ရင်းရဲ့ သဘောတူညီချက်နဲ့ အခြေချခဲ့တာ ဖြစ်ပါတယ်။

သမီးကလေးကျေးရွာအပါအ၀င် ကျေးရွာတချို့ ဖျက်ဆီးခံရပြီး ဒေသခံပြည်သူတွေ အခက်တွေ့နေရချိန်မှာပဲ ကရင်ပြည်နယ် ဘားအံမြို့နယ်က လှာကာဈေးတန်းကို ဖျက်သိမ်းဖို့ အခုလို နိုတစ်စာထွက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013